လော့ချီသည် စက္ကန့်အနည်းငယ်မျှ အသက်ရှူရပ်သွားရသည်။ သူမက သူမရဲ့ဘော့စ်ကို အကာအကွယ်တစ်ခုအနေနဲ့ ဘယ်လိုလုပ်သုံးရဲမှာလဲ?ကျန်းရှန်းဟယ်က မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး သူမကို ထပ်ကြည့်သည်။ သူမက သူ့အား အကာအကွယ်အဖြစ် အသုံးချလိုစိတ်မရှိပုံရ၏။ ကောင်းပြီလေ ဒီလိုဆိုတော့ သူက သူမကို လှည့်စားရတော့မှာပဲ...
"မင်းကို အမှန်တိုင်းပြောရရင် ဖေရှစ်ရှောင်းက မင်းကြောင့် ကိုယ့်ကိုလာတွေ့တာ ကိုယ်က အရမ်းအချိန်အားနေပြီး ဒီလိုမျိုးပြောတာကို နားထောင်ဖို့ အချိန်ရှိတယ်လို့ မင်းထင်လား? ကိုယ့်ကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအရာက ဘာလဲဆိုတာကို မင်းကောင်းကောင်းသိပါတယ်"
ကျန်းရှန်းဟယ်အတွက် စိတ်အနှောင့်အယှက်အရှိဆုံးအရာမှာ အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို မခွဲခြားဘဲနေခြင်းဖြစ်သည်။ စိတ်အနှောက်အယှက်အရှိဆုံးအရာမှာ အခြားသူများက သူ့အား တစ်ခုခုလုပ်ရန် စီစဉ်နိုင်သည်ဟု ထင်နေချိန်ဖြစ်သည်။
သူတို့က သူ့ကို ကူညီဖို့ တောင်းဆိုထားရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူကူညီချင်သည်ဖြစ်စေ မကူညီသည်ဖြစ်စေ သူ့စိတ်နေစိတ်ထားပေါ်မှာ လုံးလုံးလျားလျားမူတည်ပြီး ကူညီပေးဖို့ လူတိုင်းက အရည်အချင်းမပြည့်မီလို့ပါပဲ။
လော့ချီအနေဖြင့် ဖေရှစ်ရှောင်းက သူ၏မိုင်းကွင်းကို နင်းမိလိမ့်မည်ဟု မှန်းဆခဲ့သည်။
သူမက ထပ်ပြီးတောင်းပန်လာ၏။
"မတောင်းပန်ပါနဲ့ တောင်းပန်မှုက ပြဿနာကို ဖြေရှင်းပေးနိုင်လို့လား"
"ဒါက မင်းမို့လို့သာပေါ့.. အဲဒီအစား ရှောင်ကျန်းလုပ်ကြည့်ပါလား သူ့ကိုမေးကြည့်လိုက်ပါလား သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကိုယ့်ရှေ့မှာ ထပ်ခါထပ်ခါ ယူဆောင်လာရဲလားလို့"
လော့ချီသည် ကျန်းယွဲ့ရူကို သူမ၏နှလုံးသားထဲတွင် လေးလေးနက်နက်သာ ကျေးဇူးတင်နေနိုင်သည်။ ကျန်းရှန်းဟယ်က ဒါရိုက်တာကျန်း၏အကျိုးအတွက် သူမအား အကြိမ်ကြိမ် သည်းခံခဲ့သည်။