ကျန်းရှန်းဟယ်၏ 'စိတ်ရှိကိုယ်ရှိ' ဟူသော စကားလုံးများသည် ဖေရှစ်ရှောင်းအား ပြင်းထန်စွာ ရိုက်ခတ်သွားကာ သူ့အရိုးများထဲတွင် မလိုလားအပ်သောဆန္ဒများ ဖြစ်ပေါ်လာသည်။ ယခုတော့ သူ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ပြီးပြီ ၊ ဖေရှစ်ရှောင်းအနေနှင့် မည်သည့်ဆင်ခြေများ မည်သည့်အမှားများ လုပ်ရန်ပင် တတ်နိုင်စွမ်းမရှိ။နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ကြည့်နေရင်း သူတို့ဓားရှည်များက စစ်ပွဲမှာရှိနေသည်။ တစ်ယောက်နှင့်တစ်ယောက် ဖျက်ဆီးပစ်ချင်ကြ၏။
ဖြတ်သွားတဲ့လူတွေက သူတို့ဘာတွေပြောနေလဲ သိချင်သလိုမျိုး အခုလည်း စိုက်ကြည့်နေကြသည်။ ဖေရှစ်ရှောင်း သူ၏စီးကရက်ဘူးကို ထုတ်ကာ မီးညှိလိုက်သည်။ ကျန်းရှန်းဟယ်လည်း သူ့လက်ထဲတွင် စီးကရက်တစ်လိပ်ပါလာ၏။ ယခုလေးတင် ဟဲ့ဝမ်ချန်းက သူ့ကိုပေးလိုက်ပေမဲ့ သူက ဆေးလိပ်မသောက်ဘူး။
"ခင်ဗျားက ကျွန်တော်နဲ့လော့ချီကြားကို ဝင်ရောက်ဖို့ ကြိုးစားနေတာလား"
"ဟုတ်တယ် ဒီတော့ ဘာဖြစ်လဲ"
စိတ်မရှည်ခြင်းသည် ဖေရှစ်ရှောင်းကို လွှမ်းမိုးသွား၏။ ဖေရှစ်ရှောင်းက လော့ချီကို ကောင်းကောင်းနားလည်သည်။ သူမသည် သမ္မာသတိရှိပြီး ကိုယ့်ရည်ရွယ်ချက်ကိုသိကာ ဤသူဌေးသည် ကျန်းမိသားစု၏ တတိယမြောက်သားဖြစ်သည်ကို မပြောဘဲ သူမက သူမ၏ဘော့စ်နှင့် တလိုတလား ပတ်သတ်မည်မဟုတ်ပေ။
"လော့ချီက ခင်ဗျားကို လက်ခံမှာမဟုတ်ဘူး ခင်ဗျားမှာ အခွင့်အရေးမရှိဘူး"
ကျန်းရှန်းဟယ်က ရုတ်တရက် ပြုံးပြီး
"ငါ့မှာ အခွင့်အရေး ရှိမရှိ မသိပေမဲ့ မင်းကံမကောင်းတော့တာတော့ သေချာတယ်"
ဖေရှစ်ရှောင်းသည် ခြိမ်းခြောက်မှုများကို မကြောက်ဘဲ လူများကို ခြိမ်းခြောက်နည်းကို သူကိုယ်တိုင် သိသည်။
"ခင်ဗျားက သူမကို စိတ်ဝင်စားနေတယ်ဆိုတာ လော့ချီ မသိသေးဘူးမဟုတ်လား? သူမ သိသွားရင် ဘာလုပ်မယ်လို့ထင်လဲ"