အပိုင်း ( ၄၃-၁ )လော့ချီက သူ့ကို လုံးဝငြင်းပယ်ခြင်းမရှိဘဲ ညစာစားပြီးသည်နှင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
ဗီလာတွင် သူမလိုအပ်သော ပစ္စည်းများမရှိသည့်အပြင် အချိန်လည်း စောနေပါသေး၏။ ကျန်းရှန်းဟယ်သည် သူပြန်သွားသည့်အချိန်တွင် ၎င်းတို့ကိုဝယ်ရန် ကုန်တိုက်မှဖြတ်သွားရန် စီစဉ်ထားသည်။
လော့ချီတွင် ယူလာရန် အဝတ်အစားများစွာမရှိသောကြောင့် ကြည့်ကောင်းသော ၀တ်စုံအချို့ကို ရွေးချယ်ခဲ့သည်။
ယနေ့ညမှစတင်၍ သူမသည် သူ၏ကိုယ်ပိုင်,ပိုင်နက်ထဲသို့ ဝင်ရောက်သွားမည်ပင် ၊ သူမနှင့် သူသည် လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်များအဖြစ် တိတ်တဆိတ် နားလည်မှုရှိပြီး အတူတကွ နေထိုင်ရခြင်းသည်လည်း မည်သို့မည်ပုံဖြစ်မည်ကို မသိကြပေ။
ကားပေါ်ပြန်ရောက်တော့ အရမ်းတိတ်ဆိတ်သွား၏။ လော့ချီက စကားပြောရန် အစပျိုးသည်။
"ပါမောက္ခလျောင်က စူကျိုးကနေ ပြန်ရောက်ပြီလား?"
"မရောက်သေးဘူး.. အားလပ်ရက်မတိုင်ခင်တစ်ရက်မှာ ကိုယ်ပြန်လာဖြစ်မယ် မနက်ဖြန်မှာ အန်တီကျန်းနဲ့ ကိုယ် ထပ်တွေ့ရဦးမှာ"
သူမအမေက ပါမေက္ခလျောင်ရဲ့ဗီလာကို ဒီဇိုင်းဆွဲရန် ဆုံးဖြတ်ထားသည်။ ပါမေက္ခလျောင်ကို အကြိမ်အနည်းငယ် ဆက်သွယ်ပြီးနောက်တွင် သူတို့သည် အလွန်ကောင်းမွန်ပြီး တူညီသော အလှတရားများ ရရှိခဲ့ကြသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူမအမေသည် ရေကန်မြင်ကွင်းအခန်းအတွက် လသာဆောင်ကို ဦးစွာဒီဇိုင်းဆွဲရန် အလုပ်များနေပြီး ကျန်းရှန်းဟယ်နှင့် သူ၏ဇနီးဖြစ်သူအား ၎င်းတို့၏အကြံဥာဏ်များ မေးမြန်းရန် အခါအားလျော်စွာ သူမအား ဖုန်းဆက်ခိုင်းပါသည်။
သူမအမေက သူမကြိုက်တဲ့ပုံစံကို သိပေမဲ့လည်း သူမအနေနှင့် အဓိပ္ပာယ်မရှိတာတွေကိုသာ ပြောဆိုနိုင်သည်။ နေ့တိုင်း အမေ့ကို လိမ်ပြောရသဖြင့် ပင်ပန်းသလို ခံစားရ၏။
ကျန်းရှန်းဟယ်သည် ကားကို ကုန်တိုက်သို့ မောင်းလာပြီး ဈေးဝယ်ထွက်ရန် သူမနှင့်အတူ လိုက်သွားချင်သည်။