အပိုင်း ( ၄၆-၂ )သို့သော် ယနေ့တွင် ရွေ့ဖူသို့ခြေလှမ်းအစမှ ယခုအချိန်အထိ သူမ အရာအားလုံးကို ပြုလုပ်ခဲ့သည်မှာ အလှပန်းအိုးတစ်အိုးအလား ၊ ခက်ခက်ခဲခဲ ကစားခဲ့ရသည်ဟု ပြောရလျှင် ဤလှုပ်ရှားမှုသည် မသေသပ်လွန်းလှသည်။
"မစ္စလော့ ပန်းတွေကို ကြိုက်တာလား?"
"မကြိုက်ပါဘူး"
"....."
လော့ချီက ပြုံးပြီး
"အလုပ်မရှိဘဲပျင်းနေတာ အဆင်မပြေဘူးလား"
သူ့အနေဖြင့် သူမက ခက်ခက်ခဲခဲ ကစားနေပြီး ရှေ့တစ်လှမ်းတိုးရန် နောက်သို့ဆုတ်လိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူမသည် ကစားရန် အလွန်ပျင်းရိနေပြီး သူ့ကို ကိုင်တွယ်ရန် လှည့်ကွက်များမရှိပေ။
အကယ်၍ လုရွေ့က သူမကို ရှောင်ဖည်သွားမည်ဆိုလျှင် ရှောင်ဖည်သွားပါစေ ၊ သူမအနေနှင့် အလုပ်မကြိုးစားဘဲ ငွေရနေသေးသည်လေ.. အဘယ်ကြောင့်မလုပ်ရမည်နည်း? လုရွေ့က သူမဆီလာရန် အစပျိုးမည်ကို သူမက စောင့်ဆိုင်းနေခြင်းပင်။
ထိုမှသာ သူသတိမထားမိဘဲ ကြိုးစားမှုတစ်ဝက်ဖြင့် ရလဒ်ကို နှစ်ဆရရှိမည်ဖြစ်သည်။
လော့ချီ စားပွဲကို ရှင်းထုတ်လိုက်ပြီး
"မစ္စတာလု ဘာကိစ္စရှိလို့လဲ"
နောက်ဆုံးတော့ သူမအလုပ်များနေတာကိုမြင်တော့ လုရွေ့က စကားဆို၏။
"လေးနာရီခွဲလောက်မှာ လင်ကျားရင်းနှီးမြှုပ်နှံရေးက တစ်ယောက်ယောက်ကို ဒီကိုလာဖို့ လွှတ်လိုက်တယ် ၊ မင်းအလုပ်မရှုပ်ဘူးဆိုရင် သွားပြီး အတူတူတွေ့ရအောင်"
လော့ချီသည် လင်ကျားရင်းနှီးမြှုပ်နှံရေးဟာ လုရွေ့၏ အစေအပါးရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရှိထားသည်။
ရွေ့ဖူကို ကျန်းရှန်းဟယ်မှဝယ်ယူခဲ့ပြီး လင်ကျားရင်းနှီးမြှုပ်နှံရေးသည် ငွေအမြောက်အမြားရရှိခဲ့သော်လည်း အားလုံးကို မရုပ်သိမ်းခဲ့ဘဲ ရွေ့ဖူပြန်လာနိုင်သည်ဟု လောင်းကြေးထပ်လျက် ရှယ်ယာအချို့ကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။