အပိုင်း ( ၄၂-၁ )လော့ချီ အိမ်ပြန်ရောက်တော့ သူမအမေက အခန်းထဲမှထွက်လာသည်။ ကျန်းရိဖန်က နံရံပေါ်က နာရီကို ကြည့်လိုက်ပြီး
"မြန်လိုက်တာ ညလယ်စာစားမယ်လို့ သမီးပြောတာမဟုတ်ဘူးလား"
"စားပြီးပါပြီ"
တစ်ခုပြီးတစ်ခု လိမ်ညာခြင်းသာ ရှိနိုင်သည်။
"လမ်းကြားထဲမှာ တံစို့ထိုးအသားကင်ချောင်းတွေဝယ်ပြီး စကားပြောပြီးတာနဲ့ စားလိုက်တာ"
ဖန်ပန်းအိုးကို သူမအမေက ဖယ်လိုက်သဖြင့် ရေဖြည့်ရန် လိုက်ရှာသည်။
ကျန်းရိဖန် ကော်ဖီစားပွဲပေါ်တွင် နေကြာပန်းများကို မြင်လိုက်ရသည်။ တကယ်တော့ နေကြာပန်း နှစ်ပွင့် သုံးပွင့်လောက်က လုံလောက်ပြီဖြစ်ပြီး အများကြီးက ပိုက်ဆံကုန်စရာဖြစ်သည့်တိုင် သူမအနေနှင့် စိတ်ပျက်စရာ ဘာတစ်ခွန်းမှပြောမလာခဲ့။
"ဒီနေ့ နေကြာပန်းတွေကို လှလှပပလေး ထုပ်ပိုးထားတာပဲ"
လော့ချီက 'အင်း' ဟု အသံပြုကာ ပန်းအိုးနှင့်အတူ ရေချိုးခန်းထဲက ထွက်လာသည်။
"ဆိုင်ကအလုပ်မရှုပ်တော့ သူဌေးက ထုပ်ပိုးတဲ့စာရွက်ကို ရွေးပေးဖို့ အချိန်ရှိသွားတာ"
ထုပ်ပိုးစက္ကူကို ကျန်းရှန်းဟယ်က သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း..
ပါမေက္ခလျောင်က မနက်ဖြန် စူကျိုးသို့ ရောက်ရှိလာမည်ဖြစ်ပြီး လော့ချီသည် သူမအမေ၏အစီအစဉ်များကို မေးမြန်းသည်။
"အမေ မနက်ဖြန် အားလား"
"အားတယ် ဈေးဝယ်ထွက်ချင်လို့လား"
"မဟုတ်ပါဘူး ပါမောက္ခလျောင်က မနက်ဖြန်လာမှာဆိုတော့ နေ့လည်ခင်းမှာ အမေ့ကိုတွေ့ဖို့ ပြောလိမ့်မယ်"
သူမသမီးပြန်လာသောအခါ ကျန်းရှန်းဟယ်၏မိခင်က သူမကို ဒီဇိုင်းဆွဲခိုင်းကြောင်း ပြောပြသည်။ သူမက နားမလည်နိုင်သော ဖိအားများအောက်တွင် ရှိနေခဲ့၏။ သူမသည် ယခုနှစ် ပထမနှစ်ဝက်တွင် ကြီးမားသောပရောဂျက်တစ်ခုကို ရယူခဲ့သည်။ သူမအနေနှင့် ဗီလာကိုအလှဆင်ရာတွင် အတွေ့အကြုံအချို့ရှိသော်လည်း တစ်ဖက်လူမှာ လျောင်ကျန့်ဖြစ်ပြီး သူမ သေချာမသိပေ။