အပိုင်း ( ၄၁-၂ )လော့ချီက ကျန်းရှန်းဟယ်ကို မက်ဆေ့ချ်ပို့သည်။
လော့ချီ : [ ပျော်ရွှင်ဖွယ် ဆောင်းဦးလယ်ပွဲတော်ပါ ]
ကျန်းရှန်းဟယ်၏ဖုန်းသံသည် လျင်မြန်စွာဝင်လာပါ၏။
"စားပြီးပြီလား"
"အင်း"
သူမက လကိတ်မုန့်ကို တစ်ကိုက်,ကိုက်လိုက်ပြီး
"အခုလေးတင် စားပြီးတာ လတ်ဆတ်တဲ့ အသားလကိတ်တွေကို စားနေတယ်"
ကျန်းရှန်းဟယ်သည် သူမ စားသောက်နေသံကို ကြားလိုက်ရပြီး ယခင်ကဆိုလျှင် လုံးဝမဖြစ်နိုင်လောက်ပေ။ သူမက ထမင်းစားနေစဉ် သူ့ကို စကားပြောမှာမဟုတ်။
"အိမ်မှာလား"
"မဟုတ်ဘူး ကျွန်မ အပြင်ဘက်မှာ လကြည့်နေတာ"
"မင်း ဘယ်နေရာကနေ ကြည့်နေတာလဲ"
"ကျွန်မတို့အိမ်အရှေ့ဘက် တံတားပေါ်မှာ ရှင် မသိလောက်ဘူးထင်တယ်"
"ကိုယ် သိပါတယ်"
လမ်းလည်းလျှောက်ဖူးတယ် တစ်ကြိမ်တစ်ခါထက်မနည်း...
လော့ချီ တံတားဆီသို့ လျှောက်သွားပြီး တံတားဆိပ်ခံကျောက်စာတိုင်ကို မှီလိုက်သည်။ ဤအနေအထားသည် လကိုကြည့်ရန် အကောင်းဆုံးပင်ဖြစ်၏။
"ဥက္ကဋ္ဌကျန်း ရှင် အရင်က ကျွန်မအိမ်ကို ရောက်ဖူးလား"
"အင်း ဖြတ်သွားဖူးတယ်"
ခြံထဲမှာ မိသားစုပေါင်းများစွာ နေထိုင်ကြပြီး သူမအိမ်က ဘယ်နေရာမှာမှန်း သူမသိဘူး။
"နောက်ကျရင် ရေပေါ်မှာနေရတာ ဘာနဲ့တူလဲဆိုတဲ့ အတွေ့အကြုံရအောင် ကျွန်မက ရှင့်ကို ဒီကိုခေါ်လာပေးမယ် ဒါပေမဲ့ ကျွန်မအိမ်က အရမ်းစည်ကားတယ် ကျွန်မရဲ့အခန်းက ခုနစ်စတုရန်းမီတာလောက်ပဲ ရှိတယ်"
"အဆင်ပြေပါတယ် ကိုယ်တို့နှစ်ယောက်အတွက် နေဖို့လုံလောက်ပြီ"
သူမက ၎င်းအပေါ်မှာနေထိုင်တဲ့အကြောင်း ဘာကြောင့်ပြောလိုက်မိမှန်း မသိဘူး။
စက္ကန့်အနည်းငယ်ကြာအောင် ဖုန်းမှာ ရုတ်တရက် အဆင်မပြေဖြစ်သွားသည်။