Chapter - 25.1

900 87 1
                                    



အမှားလုပ်မိရန် အခွင့်အရေးသုံးကြိမ်ဖြင့် လော့ချီသည် ချက်ချင်းဆိုသလို စိတ်အေးလက်အေး ခံစားသွားရ၏။ သူမ မကြာခဏဆိုသလို 'ကျေးဇူးတင်ပါတယ် ဥက္ကဌကျန်း' ဟူ၍ အပြောအများဆုံးဖြစ်ရာ နောက်ပိုင်းတွင် သူမပါးစပ်ကို မတော်တဆဖွင့်မိပြီး သူမအသုံးအများဆုံးစကားတွေ ထွက်လာမှာကို စိုးရိမ်လျက်ရှိနေပါသည်။

သူမက သီချင်းကောင်းကောင်းဆိုနိုင်ပေမဲ့ သူမရဲ့ဘော့စ်ရှေ့မှာတော့ သီချင်းမဆိုချင်ဘူး!

အတွင်းရေးမှူးကျွီသည် ကျီစယ်နေတာကို ကြည့်နေခဲ့ပြီး ၎င်းမှာ ကြီးကြီးမားမားသဘောတူညီချက်ဟု မထင်ခဲ့ပေ။ သို့သော်လည်း သူမကိုယ်သူမ အရှုပ်အထွေးထဲသို့ တက်တက်ကြွကြွ ပါဝင်ရောနှောလိုက်သည်။

"မဟုတ်ဘူး ငါ လုံးဝမယုံသေးဘူး ငါ မင်းကိုင်ထားဖို့ ဆိုင်းဘုတ်တစ်ခုလုပ်လိုက်မယ်"

"ဘာဆိုင်းဘုတ်လဲ"

"တစ်မိနစ်အတွင်း သိရလိမ့်မယ်"

အတွင်းရေးမှူးကျွီသည် စားပွဲထိုးဆီသို့ လျှောက်သွားကာ ဘီယာသေတ္တာ၏ အပေါ်ဆုံးထပ်မှ ကတ်ထူပြားတစ်ချပ်၊ ကတ်ကြေးတစ်စုံနှင့် မာကာတစ်ချောင်းကို တောင်းလိုက်သည်။

သူမသည် ကတ်ထူပြားကို ပင်ပေါင်လှော်တက်ပုံသဏ္ဍာန်ဖြစ်အောင် ဖြတ်ကာ စာလုံးကြီးကြီးဖြင့် ရေးသားခဲ့သည်မှာ -

'ကျေးဇူးတင်ပါတယ် ဥက္ကဌကျန်း' လို့မပြောရ!

'မင်း' လို့မပြောရ!

အတွင်းရေးမှူးကျွီသည် မာကာဖြင့် သတ်မှတ်ပြီး စားပွဲတစ်ဖက်မှ လော့ချီအား သတိပေးကတ်လက်ကိုင်ကို ပေးကာ

"ငါပြောတာနားထောင်လိုက် ဒါကို မင်းလက်ထဲမှာသိမ်းထားလို့ရတယ် ဒီလိုဆိုရင် မင်း သီချင်းဆိုဖို့ ဘယ်တော့မှအပြစ်ပေးခံရမှာ မဟုတ်ဘူး"

ရှောင်ကျန်းသည် အမြဲတစေ အတက်ကြွဆုံးဖြစ်ပြီး

"ဒါက လုံးဝလက်တွေ့ပဲ အစ်မလော့ ကျွန်တော်တို့ ဒီည အချင်းချင်းကူညီရမယ် ကျွန်တော်စကားပြောလိုက်တိုင်း ကျွန်တော့်ကိုသတိပေးဖို့အတွက် အစ်မက ဆိုင်းဘုတ်ကိုင်ထားပေး"

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now