အပိုင်း ( ၃၄-၃ )စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းတည့်ချိန်ဟာ ဥက္ကဌရုံးခန်းရှိ လူတိုင်းကို အမှတ်ရနေမဲ့အချိန်ပါပဲ။ ကျန်းရှန်းဟယ် အလုပ် group chat ထဲတွင် ရုတ်တရက်ကြေငြာခဲ့သည်။
ကျန်းရှန်းဟယ် : [ ဒီနေ့ နေ့လယ်စာအတွက် ကန်တင်းမှာ သခွားသီးသုပ်အေးအေးလေးရှိမယ် ငါ အဲဒါတွေကို ကိုယ်တိုင်စိုက်ထားတာ မြည်းစမ်းကြည့်ကြပါ ]
ထိုသခွားသီးများသည် ဘော့စ်အိမ်မှ တိုက်ရိုက်လာကြောင်း ကုမ္ပဏီ၏ ကျန်သူများက မသိကြသော်လည်း သူ့ရုံးမှ အနည်းငယ်သာ သိကြသည်။ နေ့လည်ခင်း သူတို့ ကန်တင်းသို့သွားသောအခါ လော့ချီက တစ်ခုယူဖို့ တန်းစီနေ၏။
သူမဘော့စ်အတွက် သူမစိုက်ထားတဲ့သခွားသီးက မနေ့က ကောင်းကောင်းခူးခဲ့ပုံရသည်။ မိုး၊ နှင်းနှင့် နေရောင်ခြည်တို့ကြောင့် လသာဆောင်တွင်ထက် ၎င်းတို့သည် ခြံအပြင်ဘက်တွင် ပိုမိုကြီးထွားလာပြီး သခွားသီးခြောက်ဆယ်ကျော်ကို ရိတ်သိမ်းနိုင်ခဲ့သည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း သက်သာပျောက်ကင်းသွားသည်လားကိုတော့ သူမ ဘော့စ်ကို မမေးဖြစ်ခဲ့ပါ။
သူ့ဖုန်းထဲက အချက်ပေးသံ တုန်ခါသွား၏။ နေ့လည်နှစ်နာရီတွင် အဆင့်မြင့်အစည်းအဝေးတစ်ခု ပြုလုပ်ရန်ရှိပြီး ပစ္စည်းများပြင်ဆင်ရန် သူမအား သတိပေးခြင်းဖြစ်သည်။ ဘော့စ်က ဒီအစည်းအဝေးကို တက်မယ်။ လော့ချီ ထိုနေရာသို့ ဆယ်မိနစ်စောသွားခဲ့သည်။
အစည်းအဝေးခန်းတွင်းရှိလူတိုင်းမှာ ဒီနေ့ နေ့လယ်စာအတွက် သခွားသီးသုပ်အကြောင်းကို ဆွေးနွေးနေကြသည်။ တချို့မှာ ကျန်းရှန်းဟယ်ရဲ့ယာဉ်မောင်းက သူ့ကားရဲ့အနောက်ခန်းထဲမှ သခွားသီးအိတ်ကြီးတစ်ထုပ်ကို သယ်ယူပို့ဆောင်ရေးဌာနကို သယ်လာတာ မြင်ခဲ့ကြသည်။
ဒါရိုက်တာတွေထဲက တစ်ယောက်က ဆို၏။
"ဥက္ကဋ္ဌကျန်း ဒီနေ့ ကန်တင်းကို ဘာလို့ သခွားသီးတွေပို့ဖို့ စဉ်းစားနေတာလဲ"
သူက မဆိုင်းမတွ ချီးမွှမ်းလာသည်။
"ငါ မြည်းစမ်းကြည့်တော့ အရသာကောင်းတယ်"