အပိုင်း ( ၄၀-၃ )
သွားရမည့်ချိန်မှာ မနက်ဖြန် မနက်ဆယ်နာရီဖြစ်သဖြင့် စောစောထရန်မလိုအပ် ၊ ခရီးဆောင်အိတ်ကို ဧည့်ခန်းသို့ သယ်သွားကာ တံခါးခေါက်သံကြားတော့ ကျန်းရှန်းဟယ်ရောက်လာသည်ဟု ထင်လိုက်သည်။
"အစ်မ!"
"......."
"အစ်မ?"
"လာလေ"
လော့ချီ တံခါးသွားဖွင့်ပေးလိုက်ကာ ဒီနေ့ည ဘော့စ်နဲ့ဒိတ်သည်လည်း ပျက်သွားပြန်ပါပြီ။
လော့ယွီက သူမကို မုန့်ထုပ်တွေပေးလာပြီး
"နင် အံ့ဩသွားလား"
"အံ့သြပြီး ဝမ်းသာသွားတာ"
"နင် လမ်းမှာစားဖို့ယူသွား တစ်ယောက်တည်းစီးရတာ ပျင်းစရာကောင်းတယ်"
လော့ယွီသည် အဆာပြေစာမုန့်ထုပ်တွေကို စားပွဲပေါ်တင်လိုက်ပြီး
"မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့ဆိုတော့ ပါတီအေရဲ့ဒယ်ဒီကြီးက သူ အချိန်ပိုမလုပ်ဘဲ ငါတို့ကို အားလပ်ရက်တစ်ရက်တော့ ပေးမယ်လို့ပြောတယ် ၊ လောလောဆယ်တော့ ငါအိမ်ပြောင်းမှာမဟုတ်သေးဘူး ငါ့မှာဘာမှလုပ်စရာမရှိဘူး နင့်ကို ဘူတာရုံလိုက်ပို့ပေးမယ် ဒီည နင့်ရဲ့အိပ်ရာကို ငါအပိုင်သိမ်းလိုက်မယ်"
"အိမ်ရှာတာ ဘယ်လိုနေလဲ"
"ငါ သတင်းကောင်းလေးပြောပြချင်လို့ ဒီကိုလာတာ ငါ အရမ်းကံကောင်းလွန်းလို့ မနက်ဖြန် ထီထိုးဖို့စီစဉ်ထားတယ်"
လော့ယွီက သူမဘေးနားက အဆောက်အအုံကို လက်ညှိုးထိုးပြလျက်
"အေးဂျင့်က ဒီနေ့ ငါ့ကိုဖုန်းဆက်ပြီး ယူနစ် ၃၀၂ ကို ငှားဖို့ ရှိနေတယ်လို့ပြောတယ် ဒီလကုန်မှာ သက်တမ်းကုန်မှာ.. အိမ်ငှါးက ငယ်ငယ်ရွယ်ရွယ် မိန်းမငယ်လေးတစ်ယောက်တဲ့ အလုပ်ပြောင်းသွားတော့ ဒီမှာနေရတာက သွားရေးလာရေး အဆင်မပြေလို့တဲ့"
သူမက ဆိုဖာပေါ်မှာ လှဲလျောင်းရင်း
"အခုကနေစပြီး ငါ နင်နဲ့အတူ နေ့တိုင်းရှိနေနိုင်တော့မယ်"
သူမသည် သူမဝမ်းကွဲနှင့်အတူရှိလိုသောကြောင့် အနီးနားတွင် အိမ်တစ်လုံးငှားရန် ဆုံးဖြတ်ခဲ့ပြီး တစ်ခါတရံ သူမဝမ်းကွဲအတွက် ထမင်းချက်ပေးမည်။