Extra - 8

317 29 0
                                    


အချပ်ပို ( ၈ )

ကျန်းရှန်းဟယ်သည် ယခုအချိန်တွင် ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက်ရှိပြီး သူမမျက်ရည်များကို သုတ်ပေးလိုသည်။ သူမရဲ့မျက်နှာကို ထိတွေ့လို့မရနိုင်ပါ ၊ သူ သူမကို အခုထိ လက်စွပ်မဝတ်ပေးရသေးသောကြောင့် တိုက်ရိုက် မတ်တပ်ရပ်လိုက်ရန်မှာ ခက်ခဲလှသည်။

"မငိုပါနဲ့"

သူ မိုက်ခရိုဖုန်းကို ဖယ်လိုက်ပြီး အသံကို လျှော့လိုက်သည်။

ဧည့်ပရိသတ်များစွာက သူတို့ကိုကြည့်ရင်း လော့ချီသည် သူမ၏မျက်ရည်များကိုပင် ဂရုမစိုက်တော့ဘဲ သူမလက်ကို သူ့အား ပေးလိုက်ဖို့ မစောင့်နိုင်တော့ပါ။

"ကျွန်မ ဆန္ဒရှိတယ်"

ကျန်းရှန်းဟယ် မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး သူမကို ပြုံးပြုံးလေးကြည့်ကာ

"ကိုယ့်ရဲ့အိမ်ထောင်ရေးကတိကဝတ်တွေ မပြီးသေးဘူးလေ"

လော့ချီသည် သူမလက်သူကြွယ်ကို လက်ညှိုးထိုးပြပြီး

"ပြောစရာမလိုတော့ဘူး ကျွန်မဆန္ဒရှိတယ်"

ထိုသို့ပြောပြီးနောက် သူမ ရှက်ရွံ့သွားပါ၏။

အောက်ကနေ နောက်​ထပ်​ရယ်​သံ​လေး​တွေ ​ထွက်​ပေါ်လာသည်​။

ကျန်းရှန်းဟယ် ရယ်ရမလား ငိုရမလားမသိ၊ သူမ လက်စွပ်ဝတ်ပေးဖို့ကို မစောင့်နိုင်တော့သလို သူ့ကိုလည်း ထပ်၍ဒူးမထောက်ခိုင်းတော့ ၊ သူကတော့ ဘာမှမဖြစ်ဘူးထင်တယ် ၊ နည်းနည်းကြာကြာ ဒူးထောက်ရလည်း အဆင်ပြေ၏။

လက်စွပ်ဝတ်ပေးပြီးနောက် သူ မတ်တပ်ထရပ်ကာ နဖူးကို နမ်းလိုက်ပြီး မိုက်ခရိုဖုန်းကို အခမ်းအနားမှူးထံ ပြန်လည်ပေးအပ်လိုက်သည်။

မြင်ကွင်းကို အခမ်းအနားမှူးထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဧည့်သည်များ၏အာရုံစိုက်မှုဟာ အခမ်းအနားမှူးထံသို့ ပြန်ရောက်သွားသည်။ သူက လော့ချီကို စင်အနောက်သို့ ခေါ်သွားတော့၏။
 
ကျန်းရှန်းဟယ်သည် သူမမျက်နှာပေါ်ရှိ မျက်ရည်များကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ သုတ်ပေးလိုက်ရာ သူ့မျက်လုံးများသည် ရေငွေ့အလွှာတစ်ခုဖြင့် နီရဲနေလေသည်။ ကျမ်းကျိန်ခြင်း အဆိုပြုချက်၏တစ်ဝက်ကို ယခုပင် ဆက်လက် ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသာ ရှိသောကြောင့် စကားလုံးများသည် သင့်လျော်မှု ရှိ၊ မရှိ စဉ်းစားရန် မလိုအပ်ပေ။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now