အပိုင်း ( ၄၆-၁ )လော့ချီ မက်ဆေ့ချ်ပို့ပြီး နာရီဝက်အကြာမှာ အတွင်းရေးမှူးက တံခါးခေါက်ပြီး ပန်းစည်းနှစ်စည်း လာပေးသည်။
လက်မှတ်မှာ 10.6
ကျန်းရှန်းဟယ်၏သူငယ်ချင်းအသိုင်းအဝိုင်းတွင် ဤကိန်းဂဏန်းများ ပေါ်လာပြီး အတူပေါင်းသင်းနေထိုင်ခြင်း၏ ပထမဆုံးနေ့ကို ဆိုလိုကြောင်း သူမ ယောင်ဝါးဝါး သဘောပေါက်သွားသည်။
လော့ချီ : [ ပန်းတွေ ဘာလို့ထပ်ပို့ပြန်တာလဲ ]
ကျန်းရှန်းဟယ် : [ ရာထူးတိုးတဲ့ပထမဆုံးနေ့မှာ နှစ်စည်းက မလုံလောက်ဘူးလေ ]
အကယ်၍ သူသာ သူမ၏စိတ်ဖိစီးမှုကို ထည့်မတွက်ပါက နေ့တိုင်းပို့မှာဖြစ်သည်။ ဤခုနစ်နှစ်အတွင်း သူက ပေးချင်ခဲ့သော်လည်း မပေးနိုင်ခဲ့သောပန်းများ၊ သူ သူမကို ပေးခဲ့လျှင်တောင် လက်ခံမှာမဟုတ်သောပန်းများကို ထိုနေရာတွင် စုဆောင်းထားခဲ့သည်။
သူမ ယွမ်ဝေရင်းနှီးမြှုပ်နှံရေးတွင် အလုပ်သင်လုပ်တုန်းက သူ သူမကို ပန်းစည်းပို့ခဲ့သည်။ ကတ်ကို ပန်းစည်းနှင့်အတူ စာအိတ်ထဲတွင် ထည့်ထားပြီး သူ၏အင်္ဂလိပ်အမည်ကို ရေးထိုးထားသည်။
စာအိတ်ထဲမှာ ရုပ်ရှင်လက်မှတ်ပါ ရှိနေသည်။ သူမကိုပိုးပန်းခြင်းက သူဌေးရဲ့စကားဖြင့်မဖော်ပြသော စည်းမျဉ်းတွေရဲ့ လက်အောက်ငယ်သား မဟုတ်ဘူးဆိုတာ သူမကို ပြောပြချင်၏။ သူမ ယွမ်ဝေရင်းနှီးမြှုပ်နှံရေးကို မရောက်ခင်ကတည်းက သူက သူမကို မြင်ဖူးပြီးသား။
ထိုနေ့တွင် ဖေရှစ်ရှောင်းသည် သူမကိုတွေ့ရန် အခြားပြည်နယ်တစ်ခုမှ ထွက်ခွာလာပြီး အလုပ်မှဆင်းလာခဲ့သည်။ သူမက ပန်းစည်းကို ငြင်းပယ်ခဲ့သည်။
ဒါက သူ ဖေရှစ်ရှောင်းကို ပထမဆုံးအကြိမ်တွေ့လိုက်ရခြင်းဖြစ်ရာ သူမမှာ သဘောကျတဲ့သူတစ်ယောက်ရှိနေပြီဆိုတာ သိလိုက်ရသည်။
"ဥက္ကဋ္ဌကျန်း"
ယာဉ်မောင်းရဲ့အသံက သူ့အတွေးထဲကနေ ပြန်ထွက်လာစေခဲ့သည်။ ကျန်းရှန်းဟယ် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရွေ့ဖူဆေးဘက်ဆိုင်ရာ တည်ရှိရာ ရုံးခန်းအဆောက်အအုံ၏ မြေအောက်ခန်းတွင် ကားရပ်နေသည်ကို တွေ့လိုက်ရသည်။