Chapter-6.1

1.2K 98 1
                                    


"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"

လော့ချီရဲ့အကြည့်က ကျန်းရှန်းဟယ်၏မျက်နှာပေါ်တွင် တစ်စက္ကန့်လေးတောင် မရှိလိုက်ပေ။

ကျန်းရှန်းဟယ်က မတုံ့ပြန်ဘဲ သူ့အတွက် ဆိုဒါဘူးကိုယူကာ ဘူး၏ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့်ဖိထားလျက် လက်ချောင်းများဖြင့် တင်းတင်းကျပ်ကျပ်ဆွဲကာ ပုလင်းကို ဆွဲဖွင့်လိုက်သည်။ သံကွင်းလေးက သူ့လက်ညိုးမှာ ရှိနေပေမဲ့လည်း သူ လွှင့်မပစ်ခဲ့ဘူး။ သူ အချိုရည်ဘူးကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လှည့်ကြည့်လိုက်သည်။

အထူးသဖြင့် ဆိုဒါပုလင်းများသောက်ရန် စားသုံးသူများအတွက် အသားကင်ဆိုင်ပိုင်ရှင်က ပြင်ဆင်ပေးသော စားပွဲဘေးရှိပိုက်များရှိသည်။ ကျန်းရှန်းဟယ် ကုန်းလိုက်ပြီး သူ့လက်ရှည်ရှည်ကို လှမ်းလျက် ပိုက်အနည်းငယ်ကို ယူကာ စားပွဲပေါ်တင်လိုက်သည်။

သူကိုယ်တိုင်အတွက်တော့ မလိုအပ်တာကြောင့် သူတို့ဘာသာသူတို့ ယူပါစေတော့။

အတွင်းရေးမှူးကျွီက တစ်ခုယူလိုက်သည်။ ဗူးမှ ပါးစပ်သို့ တိုက်ရိုက်သောက်ပါက ယိုစိမ့်ပြီး ပေပွလွယ်၏။ သူမက မိသားစုရှေ့တွင် အမြဲလိုလို ခေါင်းမော့ကာ တိုက်ရိုက်သောက်ခဲ့သည်။ သူမ အဲ့လောက်ထိ ဇီဇာမကြောင်ဘူး။ သို့သော် သူမက လုလောင်ရှီးနှင့်မရင်းနှီးသလို သူမဘေးတွင် သူဌေးကြီးလည်း ရှိနေပါသေးသည်။ ဒါက အရမ်းကို မယဉ်ကျေးရာရောက်တယ်။

လော့ချီလည်း ပိုက်တစ်ချောင်းကို ထုတ်ပြီး ဗူးထဲသို့ ထည့်လိုက်သည်။ အသားကင်ဆိုင်ရှိ ခေါက်စားပွဲသည် ကျန်းရှန်းဟယ်ရဲ့ရုံးခန်းရှိ စားပွဲထက် တစ်ဝက်လောက်ကျဉ်းနေပြီး လော့ချီနှင့်ဘော့စ်ကြား မျဉ်းဖြောင့်အကွာအဝေးမှာ အများဆုံး ငါးဆယ် သို့မဟုတ် ခြောက်ဆယ်စင်တီမီတာဖြစ်သည်။ သူတို့တွေ အရင်က ဒီလောက် နီးနီးကပ်ကပ် မထိုင်ဖူးဘူး။

သူမ အချိုရည်ဘူးကို ခေါင်းငုံ့ကာ သောက်လိုက်ပြီး အဆင်ပြေစေချင်ရင် မော့မကြည့်မိဖို့ သူမကိုယ်သူမ သတိပေးလိုက်ပါသည်။ သူမ မော့ကြည့်လိုက်ရင် သူမမျက်လုံးတွေက ဘော့စ်ရဲ့အကြည့်နှင့် ဆုံမိသွားနိုင်၏။ ဒါက ရှက်စရာကောင်းလွန်းတယ်။

သူမဘေးနားက နှစ်ယောက်သားက စကားပြောအရမ်းကောင်းနေကြသည်။ သူတို့သားသမီးတွေတက်နေတဲ့ အထူးစိတ်ဝင်စားတဲ့ အတန်းအကြောင်း ပြောနေကြ၏။ သူမက စကားဝင်မပြောနိုင်သည့်အတွက် အချိန်ကုန်စေရန် ပိုက်ကိုသာ စုပ်ထားနိုင်ခဲ့သည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now