သူမရဲ့သူငယ်ချင်းအသိုင်းအဝိုင်းမှာ ချွေ့ဖုန်းရဲ့ဒီပို့စ်ကို လူတိုင်းမြင်ရပြီး ဖေရှစ်ရှောင်းသည်လည်း မြင်ခဲ့ရပါသည်။ အားလပ်ရက်ရည်အတွင်း ဖေရှစ်ရှောင်းဟာ အလုပ်ကလွဲလို့ အပြင်မှာ ဘာမှမလုပ်ခဲ့ဘူး။ သူက သီးသန့်ညစာစားပွဲများအားလုံးကို ငြင်းဆိုခဲ့ပြီး မည်သည့်အရာကိုမျှ စိတ်ဝင်တစား တက်ကြွခြင်းတို့မရှိဘဲ စူကျိုးသို့လည်း ပြန်မလာခဲ့ပေ။ချွေ့ဖုန်းလည်း အားလပ်ရက်တစ်ခုလုံးတွင် ကုမ္ပဏီသို့ မရောက်လာခဲ့ ၊ နောက်ဆုံး ထိုနေ့လည်ခင်းတွင် သူမ ကုမ္ပဏီသို့ ကားမောင်းလာပြီး ဖေရှစ်ရှောင်း၏ရုံးခန်းသို့ စာရွက်စာတမ်းတစ်ခုကို ကြုံရာယူသွားခဲ့သည်။
မဝင်ခင် သူမက တံခါးခေါက်၏။ ဖေရှစ်ရှောင်းက အတွင်းရေးမှုးပဲလို့ ထင်ပြီး
"ဝင်လာခဲ့"
ချွေ့ဖုန်းက တံခါးဖွင့်ဝင်သွားပြီး ဆို၏။
"ဥက္ကဌဖေ"
ဖေရှစ်ရှောင်း မော့ကြည့်လိုက်သည်။ လွန်ခဲ့သည့်ခြောက်လတွင် သူမက သူတို့နှစ်ဦးတည်းရှိသည့်အချိန်တွင် သူ့အား 'ဥက္ကဌဖေ' ဟူ၍ တစ်ခါမှမခေါ်ဆိုခဲ့ဘဲ တံခါးကိုအရင်ခေါက်ခြင်းမရှိ တိုက်ရိုက်ဝင်ရောက်လာတာကို အကျင့်ဖြစ်နေပြီးဖြစ်သည်။
"မင်း ဒီနေ့လည် အလုပ်မရှုပ်ဘူးလား"
"ကျွန်မ အလုပ်မရှုပ်ပါဘူး"
ချွေ့ဖုန်းက တံခါးကိုပိတ်ပြီး သူ့စားပွဲရှေ့တွင် ရပ်လိုက်သည်။ ဖေရှစ်ရှောင်းက သူမကို ထိုင်ခိုင်းသော်လည်း သူမက မထိုင်ခဲ့ဘူး။
"ဒါက စီးပွါးရေးကိစ္စမဟုတ်ပါဘူး ကျွန်မ ရှင့်ကို ပြောစရာစကားနည်းနည်းရှိလို့ပါ"
"ကျွန်မ ဘလိုင်းဒိတ်တစ်ခု သွားခဲ့တယ်"
ထိုစကားကိုပြောပြီးနောက် သူမက သူ့မျက်နှာကိုစိုက်ကြည့်ကာ သူ့တုံ့ပြန်မှုကို မြင်အောင်ကြည့်နေ၏။ ဖေရှစ်ရှောင်းက အေးဆေးတည်ငြိမ်နေတဲ့ပုံ...
"ငါသိတယ် မင်းရဲ့ပို့စ်ကို ငါမြင်ပါတယ်"
ချွေ့ဖုန်းသည် သူ့မျက်နှာပေါ်တွင် တုန်ယင်နေသည့် မည်သည့်ခံစားချက်ကိုမျှ ဖမ်းဆုပ်မထားနိုင်ခဲ့ပေ။ သူက ဒီရက်ပိုင်းတွင် နှုတ်ဆိတ်လာခဲ့ပြီး စကားအများကြီးမပြောဘဲ သူ့အတွေးများကို နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့သည်။