စတင်မစားသောက်ခင်တွင် ရှောင်ကျန်းသည် ညှပ်တစ်စုံကို ယူလိုက်ပြီး လော့ချီ၏ညစာပန်းကန်ထဲမှ သိုးသားတစ်ခုကိုယူပြီး နောက်ထပ်နှစ်ခုကို ကျန်းရှန်းဟယ်၏ပန်းကန်ပေါ်တွင် ထည့်ပေးလိုက်သည်။ လော့ချီအား ပြဿနာကို သဘာဝအတိုင်း ကူညီဖြေရှင်းပေးလိုက်သည်။ လော့ချီက ကျေးဇူးတင်လာ၏။"ကျေးဇူးတင်ပါတယ်"
ရှောင်ကျန်းက သူမကို ပြုံးပြပြီး
"ကျွန်တော့်မှာ စားဖို့ သိုးသားအတုံးတွေ ပိုများသွားတာလေ ဒါကြောင့် အစ်မကို ကျေးဇူးတင်တဲ့သူက ကျွန်တော်ပဲဖြစ်သင့်တာပါ"
ကျန်းရှန်းဟယ်က ယခင်အတိုင်း တိတ်ဆိတ်နေခဲ့သည်။
လော့ချီက ၎င်းကို နေသားကျနေပြီ ၊ သူမ၏အမြင်တွင် သူက လိမ္မာပါးနပ်ပြီး စကားလုံးများကို ရွှေလိုတန်ဖိုးထားသည်။ သူတို့ ထမင်းစားနေစဉ် ရှောင်ကျန်းသည် အတွင်းရေးမှူးကျွီဆီက ဖုန်းဝင်လာ၏။ သူမက သူ့အား ဒီနေ့ အလုပ်ရဲ့အနှစ်ချုပ်ကို ဘယ်အချိန် အီးမေးလ်ပို့မှာလဲလို့ မေးနေသည်။
"အခုချက်ချင်းပို့ပေးပါမယ် ခဏလောက်စောင့်ပေးပါ"
အမှန်တော့ သူက အဲဒါကို ပြင်ဆင်ပြီးသွားပြီ၊ ဒါပေမဲ့ သူ မပို့ရသေးခင်မှာ လော့ချီက သူ့ကို ဘော့စ်နဲ့ထမင်းစားဖို့ လာခေါ်သွားခြင်းဖြစ်သည်။
အနှစ်ချုပ်သည် သူ့လက်ပ်တော့တွင်သာရှိပြီး ဖုန်းထဲတွင် အရန်ကူးထားခြင်းမရှိပါ။ အရင်ဆုံး ညစာစားပြီး နောက်မှ သူ့အခန်းထဲပြန်ရောက်တာနဲ့ အစီရင်ခံစာပို့နိုင်ပေမဲ့ ဒီလိုတရားဝင်အကြောင်းပြချက်ကို မသုံးဖို့ အကြောင်းပြချက်မရှိပါဘူး။ သူက ညစာစားနေရင်း တစ်ဝက်လောက်မှာ ထထွက်သွားရင် ဘော့စ်က လော့ချီနဲ့ တစ်ယောက်တည်း နေခွင့်ရလိမ့်မယ်။"ဥက္ကဌကျန်း အတွင်းရေးမှူးကျွီက အရေးကြီးတဲ့ အချက်အလက်တွေ လိုအပ်နေပါတယ် ကျွန်တော့်အခန်းကို အရင်ပြန်ပြီး ပို့လိုက်ပါအုံးမယ် ကျွန်တော် ဆယ်မိနစ်အတွင်း ပြန်လာခဲ့ပါ့မယ် အရင်စားထားနှင့်ကြပါ ကျွန်တော့်ကိုမစောင့်ပါနဲ့"