အပိုင်း ( ၄၈-၁ )အနည်းဆုံးတော့ သူမကိုမတွေ့ခင်တွင် ကျန်းရှန်းဟယ်ဟာ အချစ်ရေး အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးတယ်လို့ သူမ ထင်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့သောငယ်ရွယ်နုပျိုသော နောင်တတွေအတွက် သူမ ဘယ်လိုအစားထိုးပေးရမည်နည်း?
လော့ချီသည် ခေါင်းကိုထောက်ကာ ကားပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ညမြင်ကွင်းသည် အလွန်တောက်ပခြင်းအပြည့်ရှိပြီး သူ့ကိုတုံ့ပြန်ရန် မေ့သွားခဲ့သည်။
အကယ်၍များ လွန်ခဲ့တဲ့ခုနစ်နှစ်လောက်က ရုပ်ရှင်ရုံမှာ သူက သူမနှင့်စကားပြောဖြစ်ခဲ့ရင် နောက်ပိုင်း ဘာတွေဖြစ်လာမည်နည်း?
"ဘာလို့စကားမပြောတာလဲ"
ကျန်းရှန်းဟယ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
လော့ချီ ပြန်လှည့်ကြည့်တော့ သူမရဲ့အတွေးတွေဟာ လွန်ခဲ့တဲ့ခုနစ်နှစ်လောက်မှာ ရှိနေဆဲဖြစ်ပြီး သူမရဲ့တုံ့ပြန်မှုက နှေးကွေးလွန်းနေသည်။ တိတ်ဆိတ်မှုမတိုင်ခင် သူမသည် အချစ်ဦးအကြောင်းကိုသာ ဆက်ပြောနိုင်၏။
"ကျွန်မ အထက်တန်းကျောင်းတုန်းက အချစ်ဦးမရှိခဲ့ဖူးဘူး"
ထုတ်ပြောခြင်းမှာ အဓိပ္ပာယ်မရှိပေ။
သူက သူမအတိတ်အကြောင်းတွေ အကုန်သိနေတယ် ဒါကြောင့် အလေးပေးရန် သူမအတွက် မလိုအပ်ပေ။
ပျင်းရိဖွယ် အဓိပ္ပာယ်မရှိသောစကားဖြစ်သည့်တိုင် ကျန်းရှန်းဟယ်က ပြန်တုံ့ပြန်နေတုန်းပဲ။
"ကိုယ်သိပါတယ်"
လော့ချီ ပြုံးလိုက်သည်။
ကားထဲမှာ တိတ်ဆိတ်နေပြန်ပါ၏။ပတ်ဝန်းကျင်သည် အဆင်မပြေမဖြစ်တော့သောကြောင့် သူမပြောစရာကို တမင်တကာ မရှာတော့ပေ။
မီးပွိုင့်လမ်းဆုံကို ကားဖြတ်မောင်းလာစဉ် ကျန်းရှန်းဟယ်က သူမကို မေးလာသည်။
"လော့ချီ မင်း ကိုယ့်ကို စကားပြောချင်လို့လား"
သူမက သူနှင့်စကားပြောနေပြီးဖြစ်သည်။ သူမသည် သူ့မျက်လုံးထဲတွင် မတုန်မလှုပ်ဘက်၌ ဖြစ်နေနိုင်၏။ သူ့ကြောင့် အရှေ့သို့ အမြဲတမ်း တွန်းပို့ခံနေရပြီး သူမသည် အလွန်သွေးဆောင်မှုမရှိဟု သူထင်ခဲ့သည်။ လော့ချီ သူ့ကိုကြည့်ကာ ရှင်းရှင်းလင်းလင်း ပြန်ဖြေသည်။