Chapter - 26.1

904 89 1
                                    


လော့ချီ လမ်းကျဉ်းလေးထဲသို့ ၀င်သွားသည်။ တိုက်ဆိုင်စွာပင် ဤအချိန်မှာ ကျောင်းသားများ၏ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်မီ ထမင်းစားရမည့်အချိန် ၊ လမ်းဘေးမှာ အဆာပြေမျိုးစုံရောင်းတဲ့ဆိုင်များနှင့် ပြည့်နှက်နေပြီး ကျောင်းသားတွေလည်း မုန့်ဝယ်ထွက်နေကြ၏။

သူမ ဒီကိုမရောက်ဖြစ်တာ ဆယ်နှစ်ရှိပြီဆိုသော်လည်း လမ်းကတော့ ဒီအတိုင်းပါပဲ။

ကားပြင်ဆိုင်က ထိုနေရာမှာပဲ ရှိနေပါသေးသည်။ တံခါးရှေ့မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဆွံ့အနားမကြား ပိုင်ရှင်ဖြစ်သူဟာ တာယာကိုပြုပြင်နေ၏။ ကားပြင်ဆိုင်နှင့်ထောင့်ဖြတ်တွင် အိုဒင်*ရောင်းသောအမျိုးသမီးသည် ယခင်က ဝတ်ဆင်ခဲ့သည့် အနက်ရောင် အစင်းကြောင်းများဖြင့် မီးခိုးရောင်အေပရွန်ကို ၀တ်ဆင်ထားသည်။

( * Japanese fish cakes )

လော့ချီ အိုဒင်ကိုမစားရသည်မှာ နှစ်အတော်ကြာပြီဖြစ်လို့ လူတန်း၏အဆုံးတွင် သူမရပ်နေခဲ့သည်။

လော့ချီနှင့်သူမသူငယ်ချင်းတွေ ကျောင်းသားဘဝတုန်းကလိုပဲ ၊ တစ်ယောက်ကိုတစ်ယောက် ဒကာခံရအောင် တွန်းတွန်းတိုက်တိုက် အော်ဟစ်နေကြပြီး ရှေ့က ကျောင်းသားအနည်းငယ်က တက်ကြွစွာ အော်ဟစ်နေကြသည်။

ကျောင်းသားတစ်ယောက်က ရုတ်တရက် ခေါင်းကိုလှည့်ပြီး သူတို့ဘေးက ကားပြင်ဆိုင်ဆီ အော်ပြော၏။

"ဆရာလု တစ်ပွဲလိုချင်လား? ဒါပေမဲ့ ဒီကောင်ကကပ်စေးနှဲ ဆရာက ပိုက်ဆံမ​ပေးရင်​ ဘာမှ​ပေးမှာမဟုတ်​ဘူး!"

'ကပ်စေးနှဲ' ဟူ၍ အခေါ်ခံရသော တခြားကောင်လေးက သူ့လည်ပင်းနောက်ကျောကို ဆွဲကိုင်ပြီး မေး၏။

"မင်း ဘယ်သူ့ကို 'ကပ်စေးနှဲ' လို့ခေါ်နေတာလဲ? မင်း စားချင်သေးလား"

"ဆရာလု ကျွန်တော့်ကိုကယ်ပါဦး!"

လူအများအပြားသည် ဝက်ကလေးများကဲ့သို့ အော်ဟစ်ရယ်မောကာ လုံးထွေးသတ်ပုတ်နေကြလေ၏။ 'ဆရာလု' က လုပိုင်ရှန်းဖြစ်နိုင်မလားလို့ တွေးပြီး လော့ချီလှည့်ကြည့်လိုက်ပေမဲ့ ထိုအစား သူမက ဘော့စ်နှင့်အကြည့်ချင်းဆုံသွားရသည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now