အပိုင်း ( ၃၀-၁ )အစစ်အမှန်ဖြစ်စေ အတုအယောင်ဖြစ်စေ ပို့လာသည့်မက်ဆေ့ချ်များ များပြားလွန်းသောကြောင့် လော့ချီက စာပြန်ရန် အနည်းငယ်ကိုသာ ရွေးချယ်ခဲ့သည်။ အိမ်မှဆွေမျိုးအားလုံးကို သူမက block ထားတာကြောင့် သူတို့ကြားထဲမှာ သူမစိတ်ပြောင်းဖို့ သူမအား ဖျောင်းဖျရန် စကားလုံးကောင်းကောင်း မရှိကြလေဘူး။
လော့ယွီသည် အစ်မချောချောလေး၏ သူငယ်ချင်းအသိုင်းအဝိုင်းကို ကြည့်ပြီး ဤနည်းဖြင့် ငယ်ရွယ်မှုကို အဆုံးသတ်ရန် သူမဝမ်းကွဲအတွက် မည်မျှ အဆင်မပြေဖြစ်မည်ကို တွေးလိုက်မိသည်။
လော့ယွီ : [ အစ်မ ငါ နင့်ကို ပွေ့ဖက်ထားပေးမယ် ]
လော့ချီ : [ ယွီပေါင် ငါအဆင်ပြေပါတယ် သခွားသီးလေးတွေကို သေချာဂရုစိုက်ပေးပါ ]
လော့ချီသည် အက်ပ်ကို refresh ပြန်လုပ်ပြီး ချူလင်းက သူမအတွက် မက်ဆေ့ချ်တစ်ခုထားခဲ့သည်ကို တွေ့လိုက်ရသည်။
ချူလင်း : [ အားလုံးကောင်းပါတယ် နင်က အရမ်းလှတယ် နင့်ကို ဘယ်သူမှမပိုးပန်းမှာကို ဘာလို့စိုးရိမ်နေတာလဲ? နင့်ရဲ့ဘော့စ်က တော်တော်ကောင်းပါတယ် သူ့ကိုလက်ခံဖို့ စဉ်းစားကြည့်ပါလား ]
လော့ချီ : "......"
ဒီစာကြောင်းမရိုက်ခင် ချူလင်းက ဝိုင်ဘယ်လောက်တောင် သောက်ထားခဲ့တာလဲ?
ကံကောင်းထောက်မစွာ ချူလင်းနှင့် ဘော့စ်၏သူငယ်ချင်းအသိုင်းအဝိုင်းက တစ်ခုနှင့်တစ်ခု ထပ်မနေသောကြောင့် ဘော့စ်အနေနှင့် ချူလင်း၏စာကို ဖတ်ရန် အခွင့်အရေးမရှိပေ။
သူမနှင့်ချူလင်းတို့သည် အွန်လိုင်းတွင် သူငယ်ချင်းများဖြစ်ခဲ့သည့်အချိန်မှစ၍ တစ်ကြိမ်တစ်ခါမျှ စကားစမြည်ပြောဆိုခြင်း မရှိခဲ့ကြဘဲ တစ်ယောက်နှင့်တစ်ယောက် ပို့စ်များကိုသာ Like ပေးခဲ့ကြသည်။
ယခုတွင် လော့ချီက ချူလင်းကို ပြန်ဖြေ၏။
လော့ချီ : [ ကောင်းလိုက်တာ နင်က ငါ့ကို ရယ်အောင်လုပ်ခဲ့ပြီ ]
ချူလင်းက စကားသိပ်မပြောဘဲ အမူအရာအနည်းငယ်ဖြင့်သာ တုံ့ပြန်ခဲ့သည်။
နောက်ပိုင်းတွင် လော့ချီသည် ချူလင်းထံမှ သီးသန့်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။