Chapter-12.1

1K 93 1
                                    




လော့ချီသည် အရက်သောက်ပြီးနောက် ကားမမောင်းနိုင်သော်လည်း အဌားယာဉ်မောင်းကို မရှာဖွေခဲ့ပေ။ ယင်းအစား ကျန်းစစ်ရွှင်းနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် သူမသည် အနီးနားရှိ ဘူတာရုံတစ်ခုသို့ သွားကာ မြေအောက်ရထားစီးရန် စီစဉ်ခဲ့သည်။

"ဥက္ကဌကျန်း လက်ထောက်လော့က ကားမမောင်းသွားဘူး"

ဒရိုင်ဘာက နောက်ကြည့်မှန်မှတစ်ဆင့် ကျန်းရှန်းဟယ်ကိုကြည့်ကာ ညွှန်ကြားချက်များပေးရန် ဘော့စ်ကို မေးလိုက်သည်။

"ကျွန်တော် ခေါ်လိုက်ရမလား"

ကျန်းရှန်းဟယ်လည်း လမ်းဘေးတွင် လော့ချီလမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ လမ်းဘေးနှစ်ဘက်တွင် သစ်ပင်များ၏ အရိပ်များက လှပစွာ ယိမ်းနွဲ့နေကာ သူမမျက်နှာကို ဂရုတစိုက် မကြည့်လိုက်ပါက ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပြီး သူ ဒရိုင်ဘာကို အသံတိုးတိုးဖြင့် ပြန်ဖြေ၏။

"မလိုပါဘူး"

ကားက အရှိန်ဖြင့် မောင်းထွက်သွားသည်။ ကျန်းရှန်းဟယ် အကြည့်လွှဲသွားခဲ့၏။

"အိမ်ပြန်မယ်"

သူ ဒရိုင်ဘာကို ပြောလိုက်သည်။ သူဘယ်လောက်ပဲ အလုပ်များနေပါစေ ကျန်းရှန်းဟယ်သည် သူ့အမေကိုတွေ့ဖို့ အိမ်ပြန်ခဲ့သည်။ အဲဒီအချိန်မှာ သူ့အဖေရှိမနေအောင် စီစဉ်ထားခဲ့၏။

သူ့အဖေက ထိန်းချုပ်လွန်းသဖြင့် တတ်နိုင်သမျှ ရှောင်ခဲ့သည်။ ခြံဝန်းသည် နက်ရှိုင်းပြီး တိတ်ဆိတ်နေကာ ကားပေါ်မှ ဆင်းသောအခါ စန္ဒယားတီးနေသည့်အသံကို ကျန်းရှန်းဟယ် ကြားလိုက်ရသည်။ ဗီလာထဲသို့ ဝင်ပြီးနောက် အဒေါ်ကြီးက သူ့အမေ စန္ဒယားခန်းထဲမှာ ရှိနေကြောင်း ပြောပြသည်။

စန္ဒယားခန်းသည် အသံလုံသော်လည်း ပြတင်းပေါက်များဖွင့်ထားသဖြင့် သူကြားလိုက်ရသော စန္ဒယားသံသည် ယခုဖွင့်ထားသော ပြတင်းပေါက်များမှ ပျံ့လွင့်လာခြင်းဖြစ်သည်။ သူ့အမေက ပရော်ဖက်ရှင်နယ် စန္ဒယားဆရာမတစ်ယောက် ၊ ယခုအချိန်တွင် ယခုအခါ သူမသည် အငြိမ်းစားယူပြီးနောက် ငှားရမ်းထားသော Conservatory of Music တွင် ပါမောက္ခတစ်ယောက်ဖြစ်သည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now