အပိုင်း ( ၆၂-၁ )လော့ချီမွေးနေ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အမျိုးသားနေ့အားလပ်ရက်ကို ရောက်ရှိလာခဲ့သည်။
စိုက်ကိရိယာထဲတွင် ကျန်းရှန်းဟယ် စိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးများကို ချင်မော့လင်က သတိတရရှိနေသေးသည်။ အားလပ်ရက်ရှည်တွင် သူသည် သိုသို နှင့် မီမီကို လာကြည့်သည်ဟူသော ခေါင်းစဉ်အောက်၌ ၎င်းတို့ကိုခူးယူရန် ကျန်ဟန့်ကိုပါ ခေါ်လာခဲ့လေသည်။
"မင်းရဲ့အချိန်ကို ဘယ်လိုရွေးရမယ်ဆိုတာ တကယ်သိတာပဲနော် အားလပ်ရက်တွေမှာ သူတို့အားလုံး ငါ့အမေရဲ့နေရာကို သွားနေကြတာလေ မင်းမသိတာတော့ မဟုတ်လောက်ပါဘူး"
"ငဲ့ညှာပေးပါဦးကွာ"
ချင်မော့လင်သည် သူ့လက်ထဲမှာ ခြင်းတောင်းတစ်လုံးဖြင့် စတော်ဘယ်ရီသီးတွေကို စတင်ခူးတော့၏။
"ကိုယ်ဝန်ရှိနေတာ သုံးလလောက်ရှိပြီ ငါက မိုက်မဲတဲ့သူတစ်ယောက်မဟုတ်ပေမဲ့လည်း ငါတို့ နေ့တိုင်း အတူတူနေခဲ့တယ် အခု ငါ ဘယ်မှသွားစရာမရှိတော့ဘူး"
ကျန်းရှန်းဟယ် ပြောစရာစကားမရှိတော့...
"မင်းက အဖေတစ်ယောက်ဖြစ်နေပြီဆိုတာ ငါသိပါတယ်ကွာ တစ်နေ့ကို အကြိမ်တစ်ရာလောက် ကြွားနေစရာမလိုပါဘူး"
ကျန်ဟန့်သည် ကိုယ်ဝန်သုံးလကျော်ရှိပြီဖြစ်ပြီး နောက်ဆုံးတွင် လူသိရှင်ကြား ပြောနိုင်ခဲ့ပြီးနောက် ချင်မော့လင်သည် သူ့အား ဖခင်တစ်ဦးဖြစ်လာစေရန်အတွက် အဆင့်မြှင့်ရန် ဘယ်သောအခါမှ မထားခဲ့ပါ။
ကျန်းရှန်းဟယ်သည် သူက နီညိုရောင်စတော်ဘယ်ရီသီးတွေကို ခူးယူနေတာတွေ့တော့
"အရမ်းချဉ်တယ် စားလို့ရလို့လား"
"ကျန်ဟန့်က အခုချက်ချင်း အချဉ်တစ်ခုခုစားချင်နေတာ"
"....."
စတော်ဘယ်ရီသီးသည် ပျမ်းမျှအားဖြင့် ပုံပန်းသဏ္ဍာန်နှင့် အရသာရှိပြီး ၎င်းတို့သည် အစိမ်းရောင်စစ်စစ်ထက် ပိုကောင်းပြီး လေထုညစ်ညမ်းမှုကင်းသည်။ခြင်းတောင်းက အကြီးကြီးမဟုတ် ၊ ချင်မော့လင်က ခြင်းတောင်းတစ်ဝက်ကို ခူးယူလိုက်ပြီး ကျန်းရှန်းဟယ်က စိုက်ကိရိယာကို ကြည့်လိုက်တော့ အနီရောင် စတော်ဘယ်ရီသီးတွေကို မတွေ့ရတော့ပါ။