အချပ်ပို ( ၂ )အိမ်ထောင်သက်တစ်နှစ်ကြာပြီးသည့်တိုင် သူသည် သူမအား စေ့စေ့ကြည့်ကာ နိယာမ,မရှိဘဲ လိုက်လျောညီထွေစွာ စကားများပြောနေချိန်တွင် လော့ချီသည် သူမ၏နှလုံးခုန်နှုန်းကို မထိန်းနိုင်သေးပေ။
သူမ မတ်တပ်ထရပ်ပြီး သူ့ဘေးက ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။ သူတို့ကြားတွင် ကျယ်ဝန်းသော လက်တင်ခုံတစ်ခု ပါရှိပြီး သူမ တည့်တည့်မတ်မတ်ထိုင်နေချိန်တွင် သူ့လက်များကို သဘာဝအတိုင်း မှီနေပါသည်။
ကျန်းရှန်းဟယ်သည် သူ၏ထိုင်နေသည့်အနေအထားကိုပြောင်း မေးထောက်၍ သူမကိုကြည့်ကာ ၊ ဆိုဖာပေါ်မှီရန် သူမအား လက်ဟန်ပြလိုက်၏။
"ဒီလိုထိုင်နေရတာ မပင်ပန်းဘူးလား?"
"ဘော့စ်ရှေ့မှာ ပျင်းဖို့မသင့်တော်ဘူး"
သူမက သူ၏အနက်ရောင် လက်ကြယ်သီးများကိုကြည့်လျက်
"ကျွန်မက ရှင့်ရဲ့နိယာမဆိုမှတော့ ရှင့်ရဲ့နိယာမကို ကျွန်မက ပိုမြင့်အောင်လုပ်ရမယ်"
"ဒါဆို အခုကစပြီး စတော်ဘယ်ရီသီးစိမ်းတွေကို စားနေတာ ရပ်လိုက်တော့ သူတို့ရင့်မှည့်တဲ့အထိစောင့် ဟုတ်ပြီလား"
လော့ချီသည် မူလက အလေးအနက်ထားချင်သော်လည်း ရယ်မော၍သာ အဆုံးသတ်ခဲ့သည်။
သူမလက်ကိုမြှောက်၍ သူ၏စိန်လက်ကြယ်သီးတွေကို ဖိထား၍
"ဒါက ဧည့်ခံခန်းထဲမှာ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ပြောခွင့်မရှိဘူး"
သူမက သူ့ကို လေးလေးနက်နက် သတိပေးနေပါသော်လည်း ကျန်းရှန်းဟယ်၏နားထဲတွင်တော့ သူမက သူ့ကို ကလူ၏သို့ မြှူ၏သို့ ပြုလုပ်နေသည့်ဟန်။
သူက သူမကို ကတိပေးလိုက်သည်။
"အိုကေ မပြောတော့ဘူး"
ဧည့်သည်တွေကို သူတို့နှစ်ယောက်လုံးက ဒေါသထွက်စေခဲ့ကြပေမဲ့လည်း သူတို့မှာတော့ အခန်းထဲမှာ အေးအေးဆေးဆေးပဲ နေ,နေကြလေသည်။ကော်ဖီက အေးသွားပြီ ၊ ဧည့်ခံခန်းတံခါးပွင့်သွားတော့ ရှောင်ကျန်းက ဝင်လာပြီး မနှောင့်ယှက်ပါ ၊ တစ်ခါတလေ ဘော့စ်က အစ်မလော့နဲ့ နေ့တိုင်းတွေ့တဲ့အခါ ဘာလို့ အဆုံးမဲ့စကားတွေ ပြောစရာရှိပုံရတယ်လို့လည်း တွေးမိရပါသည်။