Chapter-8.2

1K 90 3
                                    

မင်္ဂလာဝတ်စုံကို မှာယူပြီးနောက် လော့ချီ ဟိုတယ်သို့ ပြန်သွားခဲ့သည်။

နေ့လည်ပိုင်းအစည်းအဝေးကို ကျန်းရှန်းဟယ်ရဲ့ဟိုတယ်ခန်းရှိ အစည်းအဝေးခန်းလေးတွင် ကျင်းပမည်ဖြစ်ပြီး သူမက နောက်ဆုံးမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လော့ချီ ဘဲလ်တီးပြီးနောက် စောင့်စရာမလိုသလောက် တံခါးပွင့်လာသည်။ တံခါးနားမှာ ရပ်နေတဲ့လူက ကျန်းရှန်းဟယ်ဖြစ်ပြီး သူ့လက်ထဲတွင် ရေခွက်ကိုင်ဆောင်ထား၏။ သူက လက်နှစ်ဖက်ကို လိပ်ထားသော စီးပွားရေးအင်္ကျီကို ၀တ်ဆင်ထားသည်။

သူ့အမူအရာက ဘာမှမထူးခြားသလို သူ့စီးပွားရေးဝတ်စုံကို ဝတ်ပြီးနောက် လူတွေကို အကြောင်းပြချက်မရှိဘဲ ခပ်ခွါခွါနေစေသော ခံစားချက် ပေးဆောင်ထားသည်။ ထိုနေ့မနက်က ပြေးလာသောအခါတွင် သူ့တွင်ရှိခဲ့သော ပေါ့ပါးနေဟန်တို့က တစ်စွန်းတစ်စတောင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းရှန်းဟယ်က တံခါးခေါက်သံကြားသောအခါ ရေထည့်ရန် အစည်းအဝေးခန်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။

"ဥက္ကဌကျန်း"

"ဝင်လာပါ သူတို့အထဲမှာရှိတယ်"

သူက တံခါးလက်ကိုင်ကို သူ့လက်ဖြင့် ဆက်ကိုင်ထားသည်။ လော့ချီက ဘေးနားမှလှည့်ကာ သူ့ရှေ့ကို သတိထားပြီး ဖြတ်သွားလိုက်သည်။ ကျန်းရှန်းဟယ်က တံခါးပိတ်လိုက်ပြီး သူမကို ပြော၏။

"အစည်းအဝေးခန်းက ညာဘက်မှာရှိတယ်"

လော့ချီ ဧည့်ခန်းထဲဝင်လာပြီး ညာဘက်က အခန်းထဲက အသံတွေကို ကြားလိုက်ရသည်။ အတွင်းရေးမှူးကျွီနှင့် ဥက္ကဌရုံးခန်းမှ အခြားလုပ်ဖော်ကိုင်ဖက်များက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

ဤဟိုတယ်ရဲ့ ဧည့်ခန်းပါအခန်းက သူမထင်ထားတာထက် ပို၍ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပါသည်။ ၎င်းတွင် ထမင်းစားခန်းနှင့် ဧည့်ခန်းပါရှိပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ ပြတင်းပေါက်များသည် စူကျိုးမြို့ရှိ အထူးခြားဆုံးသော အိမ်ဟောင်းများကို မျက်နှာမူထားသည်။ စူကျိုး၏ညမြင်ကွင်းကို ခံစားရန်အကောင်းဆုံးနေရာ ဖြစ်ပုံရသည်။ ညာဘက်တွင် အစည်းအဝေးခန်းရှိပြီး ဘယ်ဘက်တွင် Gym ရှိသည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now