Chapter - 55.4

528 43 0
                                    


အပိုင်း ( ၅၅-၄ )

လျောင်ကျန့် ရေဖန်ခွက်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက သားဖြစ်သူနှင့် နှစ်ပေါင်းများစွာ ဘာမှမထူးခြားသော ဆက်ဆံရေးရှိခဲ့သည်။ လော့ချီကြောင့်ဖြင့်သာ သူမ မမြင်သာစွာ ချဉ်းကပ်လာခဲ့၏။ လွန်ခဲ့သည့်နှစ်လအတွင်း သားဖြစ်သူဟာ ယခင်ကထက် ပို၍ မကြာခဏ ပြန်လာခဲ့သည်။ သူမ စန္ဒယားတီးတာကို နားထောင်ပြီး သူမအလုပ်မရှုပ်သည့်အချိန်တွင် အတူတူ ညစာစားလေသည်။

သူမနှင့် သူမ၏သားသည် လော့ချီနှင့် သူ့ဖခင်အကြောင်း မပြောကြပါဘဲ၊ ချင်မော့လင်နှင့် ငယ်စဉ်ကလေးဘဝက အရှက်ရစရာအကြောင်းနှင့် ခွေးပေါက်လေးနှစ်ကောင်အကြောင်းသာ ပြောကြသည်။

သီချင်းတစ်ပုဒ်ပြီးနောက် လျောင်ကျန့် ရေသောက်တာကို ရပ်လိုက်သည်။ တကယ်တော့ သူမ ရေငတ်နေတာမဟုတ် ၊ သားဖြစ်သူက သူမအတွက် ငှဲ့ထည့်ပေးသည့်အချိန်တိုင်း ရေတစ်စက်မျှ မကျန်အောင် သောက်ပါ၏။

"အမေ ခွေးပေါက်လေးနှစ်ကောင်ကို နာမည်နှစ်ခုပေး,ပေးပါလား"

"အမေကလား?"

လျောင်ကျန့်က ပြုံး၍

"နာမည်ဘယ်လိုရွေးရမှန်း မသိဘူး ခွေးကြီးနဲ့ ခွေးပေါက်လေးလို့လည်း ခေါ်လို့မရဘူး"

"....."

မှတ်မိသလောက် အမေက ဟာသလုပ်ပြတာ သူ့အမှတ်တရတွေထဲမှာ ဒါပထမဆုံးအကြိမ်ပဲ။

လျောင်ကျန့်သည် သူမသားကို အကြံဥာဏ်ပေးခိုင်းပြီး ဤလမ်းကြောင်းကို တွေးမိခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်မသိဘူး လော့ချီနဲ့ကျွန်တော် အဲဒါကို တွေးနေတာ တစ်လလောက်ရှိပြီ နာမည်ကောင်းတစ်ခုတောင် မတွေးနိုင်ခဲ့ဘူး"

အဖွဲ့ထဲက လူတချို့ကလည်း အကြံဉာဏ်တွေ ပေးခဲ့ကြပေမဲ့ သူတို့ရဲ့နာမည်တွေက ရိုးစင်းလွန်းသည်။

"မင်းအဖေ အလုပ်မရှုပ်ဘူးဆိုရင် အမေဖုန်းဆက်ပြီး မင်းအဖေနဲ့ ဆွေးနွေးလိုက်မယ်"

ဒီလောက်ပါပဲ...

သူ့အဖေ စဉ်းစားနိုင်တဲ့နာမည်တွေက အတော်လေး တောဆန်လွန်း၏။ မွေးနေ့ကိတ် ချောကလက်ထီး အဖြစ်အပျက်ကစလို့ သူ့အဖေနဲ့ ထပ်မတွေ့ဖြစ်တော့ဘူး။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now