အပိုင်း ( ၃၂-၄ )၁၁:၄၀ တွင် ကျန်းရှန်းဟယ်သည် သခွားသီးနှစ်လုံးကို ကိုင်ဆောင်ကာ လော့ချီထံသို့လာ၍
"ပြီးရင် ကိုယ်တို့အလုပ်ရှုပ်နေလိမ့်မယ် လာ အရင်စားရအောင်"
"ဥက္ကဋ္ဌကျန်း ခဏစောင့်ပေးပါနော်"
လော့ချီသည် သူမ၏စားပွဲပေါ်ရှိ အရေးကြီးစာရွက်စာတမ်းများကို အမြန်ရှင်းပြီး လုံခြုံစွာ သိမ်းဆည်းထားလိုက်သည်။ ဘော့စ်က သူတို့ကို တစ်ခုခုရှင်းပြစရာရှိတဲ့အခါ တစ်ခါတရံ နေ့လယ်စာစားပြီး ပြောသွားတတ်၏။
သူမ မတ်တပ်ထရပ်လိုက်တော့ ဘော့စ်လက်ထဲက သခွားသီးတွေကို သတိထားမိ၏။ သို့သော် လေးလုံးမဟုတ်ဘဲ သခွားသီးနှစ်လုံးပဲ ရှိတော့သည်။
"ဥက္ကဋ္ဌကျန်း ကျွန်မ ရှင့်ကို သယ်သွားပေးမယ်"
"မလိုပါဘူး"
ကျန်းရှန်းဟယ်က ခြေလှမ်းကျဲများဖြင့် သူမကို တမင်မစောင့်ဘဲ ထွက်ခွာသွားခဲ့သည်။
လော့ချီလည်း ခပ်မြန်မြန်သာ လိုက်လျှောက်နိုင်တော့သည်။ ဘော့စ်တွင် ခြေတံရှည်များရှိသဖြင့် သူ့နောက်ကလိုက်သွားတိုင်း သူမမှာ ပြေးလွှားနေရ၏။ ရှောင်ကျန်း၏စကားအရ ဘော့စ်အနောက်မှ တစ်ရက်လောက် ပြေးလိုက်ပြီးနောက် သူက အလုပ်အပြီးတွင် လေ့ကျင့်ခန်းလုပ်ရန် မလိုအပ်တော့ပေ။
ဘော့စ်က သခွားသီးနှစ်လုံးကို ဘာကြောင့်ယူလာမှန်း သူမ,မသိ။
ထမင်းစားပြီးနောက် အသီးအနှံအဖြစ်များလား?
ဘော့စ်နှင့် အခြားဒါရိုက်တာများသည် ၎င်းတို့အသုံးပြုရန်အတွက် အမှုဆောင်ထမင်းစားခန်းတစ်ခုရှိသော်လည်း အဆိုပါသူဌေးများသည် စီးပွားရေးခရီးစဉ်များ သို့မဟုတ် အခြားဖျော်ဖြေရေးများ တက်ရောက်ရန်ရှိသောကြောင့် ၎င်းတို့ထဲမှ အနည်းငယ်သာ ကုမ္ပဏီ၏ကဖေးတွင် အမှန်တကယ်စားကြသည်။
အမှုဆောင်ထမင်းစားခန်းသည် ယနေ့တွင် လွတ်နေပြီး ဘော့စ်နှင့်သူမသာ သုံးနေသည်။ထမင်းစားခန်းသို့ရောက်သောအခါ ကျန်းရှန်းဟယ်က သခွားသီးများကို စားဖိုမှူးထံ ပေး၏။ လော့ချီက ထိုင်ပြီး အလုပ်အကြောင်းရှင်းပြရန် ဘော့စ်ကို စောင့်နေသည်။ မမျှော်လင့်ဘဲ ကျန်းရှန်းဟယ်က ပြောလာသည်။