မနက်မိုးလင်းတော့ မိုးက ထပ်ရွာလာသည်။ အချိန်အတော်ကြာ မိုးရွာခဲ့ပြီး နာရီပေါင်းများစွာကြာခဲ့သည်။လော့ချီ ထိုညတွင် အကြိမ်များစွာ နိုးလာခဲ့၏။ သူမ ကောင်းကောင်းမအိပ်ရဘဲ ငါးနာရီထိုးပြီးတာနဲ့ ပြန်နိုးလာလေသည်။ မိုးလင်းနေပြီဖြစ်လို့ သူမအိပ်ရာမှထကာ မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ထွက်ရင်း သူမအမေအတွက် မနက်စာသွားဝယ်ဖို့ ကြံစည်လိုက်သည်။ သူမ တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ရာ ဧည့်ခန်းမီးများ ပွင့်လာသည်ကို တွေ့လိုက်ရသည်။
သူမအမေက ထမင်းစားပွဲမှာထိုင်ပြီး ကွန်ပျူတာဖြင့် အလုပ်လုပ်နေသည်။ အိမ်တွင် စာကြည့်ခန်းမရှိဘဲ အချိန်ပိုအလုပ်လုပ်ရချိန်၌ သူ့မိဘတွေက ထမင်းစား စားပွဲကိုသာ အသုံးပြုရသည်။
"အမေ စောစောနိုးနေတာလား"
"အမေ အစောကြီးမထရင် သမီးတို့ငယ်ငယ်ကလို အိပ်ပျော်ချင်သေးလို့ အဆင်မပြေဘူး"
တကယ်တော့ ကျန်းရိဖန်က နှိုးစက်သတ်မှတ်ထားပြီး အချိန်ပိုအလုပ်လုပ်ရအောင် တမင်အစောကြီးထခဲ့ခြင်းဖြစ်သည်။ သူမက နေ့လယ်တွင် ဖောက်သည်တစ်ဦးနှင့် တွေ့ဆုံရန် စီစဉ်ခဲ့ပြီး ထိုအချိန်မတိုင်မီ ဒီဇိုင်းများကို အပြီးသတ်ရန် လိုအပ်ပေသည်။ ပြီးနောက်တွင် သူမက လော့ချီနှင့်အတူ သွားမည်ဖြစ်သောကြောင့် ယခုအချိန်တွင် အလုပ်ကို အပြီးသတ်နိုင်သည်။
လော့ချီက ဆေးကြောသန့်စင်ပြီး အိမ်သော့ကိုယူကာ အပြင်ထွက်ရန် ပြင်ဆင်သည်။
"သမီးရဲ့အကြီးဆုံးအဒေါ်က ဒီနေ့ သမီးကို ဖုန်းခေါ်လိမ့်မယ်"
ကျန်းရိဖန် သူမသမီးကို ပြောသည်။
"အကြီးဆုံးအဒေါ်က သမီးဆီက ဘာလိုချင်လို့လဲ"
"အမေ မနေ့ညက သူ့ကိုဖုန်းဆက်ပြီး သမီး အိမ်ကနေပဲ လက်ထပ်မယ်ပြောပြီး သမီးရဲ့အကြီးဆုံးဦးလေးရဲ့ ကြင်နာမှုကို ငြင်းလိုက်တယ် သမီးရဲ့အဒေါ်က ဒီနေ့ သမီးကို ဆွဲဆောင်ကြည့်မယ်လို့ပြောတာပဲ.. အမေ ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ သူ သမီးကို ဖုန်းခေါ်တာကိုတော့ အမေတားလို့မရဘူးလေ သူဘာပဲပြောပြော နားထောင်နေရုံပါပဲ အဲဒါကို စိတ်မပူပါနဲ့ အမေက ဆုံးဖြတ်ချက်ချပြီးပြီ သမီး ကိုယ့်အိမ်ကနေပဲ လက်ထပ်မှာ"