Chapter-17.1

1.1K 102 3
                                    



ကျန်းယွဲ့ရူ၏ တူဖြစ်သူအား ခြွင်းချက်မရှိ ပံ့ပိုးကူညီမှုသည် မူလရည်ရွယ်ထားသည်ထက် လအနည်းငယ်စော၍ အနားယူရမည့်ကိစ္စသာဖြစ်သည်။

"၁၁ ရက်နေ့ နောက်ပိုင်းမှာ ဒါရိုက်တာဘုတ်အဖွဲ့ကနေ ငါနုတ်ထွက်မှာပါ ဒါပေမဲ့ အတွင်းရေးမှူးကျွီအတွက် ကိစ္စတွေကို မင်းဘယ်လိုစီစဉ်ထားလဲ"

သူမက စိုးရိမ်စိတ်ဖြင့် မေးသည်။

"ကျွန်တော် သူမကို ရာထူးတိုးပေးပြီး ထောက်ခံပေးလိုက်မယ်"

ဌာနတစ်ခုရဲ့ အကြီးအကဲတစ်ယောက်အနေဖြင့် သူမအချိန်တွေကို ပိုပြီး လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်လေသည်။ သူမက နေရာတိုင်းတွင် ဘော့စ်နှင့် ခရီးသွားစရာမလိုဘဲ သူမမိသားစုကို ပိုဂရုစိုက်နိုင်သည်။ အတွင်းရေးမှူးကျွီက ဒီလိုအခွင့်အရေးမျိုးကို ငြင်းမှာမဟုတ်ဘူး။

ဖုန်းမချခင်တွင် ကျန်းယွဲ့ရူက မနေနိုင်ဘဲ သတိပေးလာ၏။

"ရှန်းဟယ် အန်တီ မင်းမကြားချင်တဲ့အရာကို ပြောပြရလိမ့်မယ် လော့ချီရဲ့နှလုံးသားထဲမှာ ဖေရှစ်ရှောင်းရဲ့အမှားက ဘယ်လောက်ဝန်လေးတယ်ဆိုတာ ဘယ်သူကမှမပြောနိုင်ဘူး နောက်ပြီး သူတို့ ပြန်ပေါင်း၊မပေါင်းကိုလဲ မပြောနိုင်ဘူးလေ.. မင်း အပြည့်အဝပြင်ဆင်ထားရမယ်"

ကျန်းရှန်းဟယ်က သူ့အဒေါ်ကို စိတ်ချလက်ချ ရှိစေ၏။ သူ၏တည်ကြည်ပြတ်သားသောအသံဖြင့်

"သူတို့ ပြန်ပေါင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး သူ့မှာ ဒီအခွင့်အရေး မရှိဘူး"

သူ့ဗီလာကိုပြန်ရောက်တော့ ကျန်းရှန်းဟယ် ခြံထဲမှာ စီးကရက်တစ်လိပ်သောက်နေလိုက်သည်။ မီးခိုးငွေ့များသည် သေးငယ်သော မီးခိုးကွင်းများအဖြစ်သို့ စိတ်ရှည်ရှည်ဖြင့် ဖြည်းညှင်းစွာ ရှူသွင်းခဲ့သည်။

သူ လုပိုင်ရှန်းကို စာပို့သည်။

ကျန်းရှန်းဟယ် : [ သူမ လမ်းခွဲလိုက်ပြီ ]

'သူမ' အကြောင်းကို ဖော်ပြခြင်းသာဖြစ်ပြီး လုပိုင်ရှန်းအနေဖြင့် သူမအမည်ကို မေးစရာမလိုဘဲ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းသိသည်။ သူက ကျန်းရှန်းဟယ်ကို ဖုန်းပြန်ခေါ်လာ၏။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now