အပိုင်း ( ၃၁-၂ )ဖုန်းပြောနေစဉ် မိနစ်အနည်းငယ်အတွင်း ကျန်းရှန်းဟယ်က ထိုင်ခုံကိုမှီနေလျက် သူမကို စိုက်ကြည့်နေသည်။ ဖုန်းခေါ်ဆိုမှုအဆုံးသတ်သောအခါ ကျန်းရှန်းဟယ်က သူ၏လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"တစ်ယောက်ယောက်က မင်းကို ကောင်လေးနဲ့ မိတ်ဆက်ပေးချင်နေတာလား"
"အင်း"
"အခုဆိုရင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖောက်သည်တွေအပါအဝင် မင်းရဲ့မိတ်ဆွေအသိုင်းအဝိုင်းက လူတိုင်းက မင်း စင်ဂယ်ဖြစ်နေတယ်ဆိုတာကို သိနေပြီ"
"......"
လော့ချီ ဘော့စ်ကိုကြည့်ကာ ဘော့စ်အနေဖြင့် ဘာကိုဆိုလိုသည်ကို သိချင်၏။
"ထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့နေ့မှာ ဟဲ့ဝမ်ချန်းက သူ ကိုယ့်ကို စကားပြောဖို့ လာတဲ့အချိန်မှာ သူက မင်းကို ဘာလို့အဝေးလွှတ်လိုက်တာလဲသိလား"လော့ချီသည် ထိုအချိန်က ၎င်းအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ သူမအဆင့်မှာ သိဖို့မသင့်တော်တဲ့ လျှို့ဝှက်ကိစ္စများစွာရှိတာကြောင့် လက်ထောက်တစ်ဦးဖြစ်တဲ့ သူမကို နောက်ပြန်ဆုတ်ခိုင်းတာက ပုံမှန်ပါပဲ။
ထိုနေ့တွင် သူမက သူမရဲ့ဘော့စ်က ဟဲ့ဝမ်ချန်းနှင့်ဆွေးနွေးနေသည့်ကိစ္စများ အပြီးသတ်ရန် စောင့်ဆိုင်းနေစဉ် ဖေရှစ်ရှောင်းက ခန်းမထဲမှ အမြန်ထွက်ကာ သူမကို လိုက်ရှာခဲ့သည်။
"ဒါရိုက်တာဟဲ့က ကိုယ့်ကိုမေးတယ် ကိုယ့်သူငယ်ချင်းက မင်းနဲ့ မတွေ့ရသေးဘူးလားတဲ့"
လော့ချီ အလွန်အံ့သြသွားသည်။
"သူ မလုပ်ရသေးရင် မင်းကို သူ့မိသားစုက ဂျူနီယာလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်တဲ့.. ပြီးခဲ့တဲ့အောက်တိုဘာလက ကိုယ့်သူငယ်ချင်းက မင်းကို ပိုးပန်းချင်တယ်လို့ ကိုယ်ပြောခဲ့တယ်.. ကိုးလကျော်သွားခဲ့ပြီ ကိုယ် မင်းကို ဘယ်သူနဲ့မှ မမိတ်ဆက်ပေးရသေးဘူး ဒါက ယုံနိုင်စရာလို့ မင်းထင်လား"
သူကသာ ထိုနေရာတွင် သူငယ်ချင်းအဖြစ် ဖွဲ့ထားတဲ့သူမလို့ ယုံနိုင်စရာ ဟုတ်မဟုတ်ကို သူမကို မေးခွန်းထုတ်မနေသင့်ကြောင်း လော့ချီမှာ သူမဘာသာ တွေးနေမိသည်။