အပိုင်း ( ၆၃-၁ )ဘော့စ်ရဲ့အချစ်ရေးကို ချိုးဖောက်တာက အရေးမကြီး ၊ ဘော့စ်ရဲ့အလိမ်အညာကို ဖော်ထုတ်လိုက်ရန်မှာ အရမ်းရှက်စရာကောင်းလွန်းသည်။
သူတို့ကိုယ်တိုင်ကလည်း ဧည့်သည်တွေကို နိဂုံးမချုပ်စေဘူးဆိုတဲ့ ဘော့စ်ရဲ့စိတ်ဓာတ်ကို လက်ကိုင်ထားရင်း အခက်ကြုံနေရပါသည် ၊ နေရာမှာတင် သူတို့ကို ဘော့စ်က ဖမ်းမိသွားမယ်လို့ ဘယ်သူကသိမှာလဲ ၊ အခုတော့ သူတို့က တခြားသူတွေထက် ပိုသန်မာလာပါပြီ။
လီရွေ့က ဘော့စ်ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး
"ဥက္ကဋ္ဌကျန်း တိုက်ဆိုင်လိုက်တာ လေယာဉ်ပြောင်းသွားတာလား"
ကျန်းရှန်းဟယ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"လက်မှတ်ပြောင်းသွားတာလို့ပြောရင် ငါ့ကိုယုံမှာလား"
လူတိုင်း ရယ်မောလိုက်ကြသည်။
ရူးနေမှသာ ယုံလိမ့်မယ်...
"မပြောင်းပါဘူး သူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့ပွဲကို ဒီမှာလုပ်မှာမလို့ ကိတ်မုန့်စားရအောင် လာခဲ့တာ"
ကျန်းရှန်းဟယ်က သူ့ရဲ့ ပုံမှန်လေးနက်တဲ့လေသံဖြင့်
"ရွေ့ဖူရဲ့ နိုင်ငံခြားဈေးကွက်မှာ ဆက်ဆံရေးတွေ ညှိနှိုင်းဖို့လိုတယ် ငါက အဲဒီကို လော့ချီနဲ့အတူ လိုက်သွားမလို့"
လော့ချီ : "....."
ဘော့စ်ရဲ့ဘုန်းတန်ခိုးကို ထိန်းထားရန်မှာ ခဲယဉ်းလှသည်။
"ပြီးတော့ ငါနဲ့လော့ချီရဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို ကျင်းပမလို့"
လီရွေ့သည်ပင်လျှင် သူတို့နှစ်ယောက် ချစ်နေကြသည်မှာ တစ်နှစ်ရှိနေပြီဖြစ်သည့်အတွက် အံ့အားသင့်သွားခဲ့သည်။
အခုလေးတင် ဘော့စ်က လက်မှတ်မပြောင်းဘဲ 'အလုပ်ကိစ္စနဲ့ ခရီးထွက်တယ်' လို့ပြောလာခဲ့တာလေ ၊ သူတို့မှာ သံသယရှိနေဆဲဖြစ်သော်လည်း ယခုတွင်တော့ လုံးဝယုံကြည်သွားလေပြီ။
လူသိရှင်ကြား ဝန်ခံလိုက်ခြင်းမှာ ကိုယ်ကျိုးစီးပွားအတွက် ပို၍ယုံကြည်စိတ်ချစေသည်။