အချပ်ပို ( ၁၁ )လော့ယွီလီ ကားထဲတွင် နှစ်နာရီနီးပါး စောင့်ခဲ့သည်။ ကားသည် စားသောက်ဆိုင်တံခါးကို တိုက်ရိုက်ဖြတ်သွားပြီး ၊ အကယ်၍ ချူလင်းရောက်လာပါက သူ့ကိုမမြင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
"လင်းလင်း ကိုယ် မင်းရဲ့စားသောက်ဆိုင်တံခါးနားမှာ"
ဤသည်မှာ သူပြောခဲ့သော ဒုတိယစကားနှင့် နောက်ဆုံးစကားပင်ဖြစ်၏။ သူမသည် တိုက်ရိုက်ဖုန်းချသွားပြီး အစမှအဆုံးထိ စကားတစ်ခွန်းတောင် ပြောမသွားခဲ့ပေ။
နှစ်နာရီနှင့် နှစ်ဆယ့်ငါးမိနစ်ကြာသောအခါ၊ လော့ယွီလီသည် သူက စိတ်ကူးယဉ်ဆန်နေသလားဟု သိချင်လာရသည်။ သူမက ရည်းစားဟောင်းကို စောင့်ဆိုင်းရန် စားသောက်ဆိုင်ဖွင့်ထားလျှင်ပင် သူက တစ်ဦးတည်းသော ရည်းစားဟောင်းမဟုတ်ပေ။ သူသည် လွန်ခဲ့သည့်နှစ်နှစ်တာကာလကို မနာလိုဖြစ်မိသည်။
သူမပြောခဲ့သော သူမက သူ့ကိုမချစ်ခဲ့ဖူးဘူး ဆိုတာက ဘယ်လောက်ထိနာကျင်စေတယ်ဆိုတာ သူမသိမှာမဟုတ် ၊ လော့ယွီလီသည် နှစ်နာရီခွဲအတွင်း နှစ်ခုသာလုပ်ခဲ့သည်။ ရှေ့လေကာမှန်ကို မော့ကြည့်ကာ နာရီကိုငုံ့ကြည့်၏။
နောက်တစ်ကြိမ် မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည် အသွင်အပြင်တစ်ခု ပေါ်လာလေသည်။အောက်တိုဘာလကုန်ပိုင်းတွင် လေအေးလှိုင်းနှစ်ခု ကျရောက်လာသည်။ သူမက ကြယ်သီးအားလုံးဖွင့်ဟထားသော အဖြူရောင်ရှပ်အင်္ကျီရှည်တစ်ထည်၊ အတွင်းဘက်တွင် နဂါးမောက်ရောင် သိုးမွေးထိုးအင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး အညိုရောင်ကုတ်အင်္ကျီကိုတော့ သူမလက်ပေါ်တွင် တင်ထား၏။
လော့ယွီလီ ကားတံခါးကို အမြန်ဖွင့်ပြီး ထွက်သွားသည်။ သူ ဒီအကြောင်းကို နေ့ရောညပါ တွေးခဲ့ဖူးပြီး အရိုးထဲထိ လွမ်းဆွတ်တမ်းတနေ၏။ မျက်နှာချင်းဆိုင်တွေ့သည့်အခါမှာတော့ ပြောချင်တဲ့စကားလုံးတွေက လည်ချောင်းထဲမှာ သောင်တင်နေတော့သည်။
"မင်းရဲ့ကား ဘယ်မှာလဲ"
ပိုသင့်လျော်သော အဖွင့်စကားကို မတွေ့မိ ၊ ဤစကားကတော့ ထူးဆန်းသည့်မပုံခြင်း ၊ ချူလင်း၏မျက်လုံးများသည် ကြည်လင်တောက်ပနေပြီး ငိုထားသည့်အရိပ်အယောင်မရှိပေ။