ကျန်းရှန်းဟယ်က လော့ချီ၏အခြေအနေအတွက် စိုးရိမ်နေပြီး ဒရိုင်ဘာကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။"မင်း လော့ချီကို သူမကားကို ပြန်မောင်းဖို့ ကူညီပေးလိုက်ပါ အကြောင်းပြချက်က တရားဝင်ပါစေ"
"ဟုတ်ကဲ့ပါ"
ဒရိုင်ဘာက ဘာဖြစ်သွားမှန်း မသိပေမဲ့လည်း သူ မေးခွန်းတွေ ထပ်မမေးတော့ဘူး။ ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော သက်တော်စောင့်က ယာဉ်မောင်းထိုင်ခုံသို့ ရွှေ့ကာ မောင်းနှင်လာခဲ့သည်။
ကျန်းရှန်းဟယ်သည် လော့ချီကို ဤဘဝတွင် စိတ်ရှည်သည်းခံမှုအားလုံးကို ပေးစွမ်းခဲ့သော်လည်း လော့ချီနှင့်ပတ်သက်သည့် အချို့အရာများကိုမူ စိတ်မရှည်ဆုံးဖြစ်ခဲ့သည်။ သူ ကျန်းစစ်ရွှင်းအား တိုက်တွန်းရန် စာတစ်စောင် ပေးပို့ခဲ့၏။
ကျန်းရှန်းဟယ် : [ ဒီရက်အတွင်း ငါ့ကို ရလဒ်ပေး ]
ကျန်းစစ်ရွှင်းက အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးလာသည်။
ကျန်းစစ်ရွှင်း : [ အသေးအမွှားကိစ္စတွေကို ဝင်မစွက်ဖက်နဲ့လို့ မင်းပြောတယ်နော် ဒီ 'အသေးအမွှား' ကိစ္စအတွက် စံနှုန်းကဘာလဲ ]
ကျန်းရှန်းဟယ် : [ အငြင်းပွားမှုကို ဖြစ်စေတာက လော့ချီရဲ့တစ်ဇွတ်ထိုးလုပ်တာကြောင့်လား.. ဖေရှစ်ရှောင်းရဲ့အပြစ်ဖြစ်သရွေ့တော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါက အသေးအဖွဲကိစ္စမဟုတ်ဘူး ]
ကျန်းစစ်ရွှင်း : "......."
လော့ချီ၏မျက်ရည်များကို မြင်ရခြင်းကြောင့် အလွန်နှိုးဆွပေးလိုက်တာဖြစ်မယ် ဤကြီးမားသောစံနှုန်းနှစ်ခုကို လက်ခံကျင့်သုံးခဲ့သည်။ သူ ကျန်းရှန်းဟယ်နှင့် ငြင်းခုံမနေတော့ဘဲ သူ့အသိစိတ် ပြန်ဝင်လာသောအခါ စံနှုန်းကို သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည်။
ကျန်းရှန်းဟယ် ပြတင်းပေါက်ကနေ အပြင်ကို လှည့်ကြည့်လိုက်တော့ ဒရိုင်ဘာက အဆောက်အဦးထဲကို ဝင်သွားလေပြီ။