အပိုင်း ( ၃၂-၁ )စီးကရက်တစ်လိပ်သောက်ပြီးနောက် ကျန်းရှန်းဟယ် ဗီလာထဲသို့ မ၀င်သေးပါ။ ပန်းခြံထဲမှာ ခြင်တွေ အများကြီးရှိတော့ အန်တီချိုင်က သူ့အတွက် ခြင်ဆေးခွေကို သီးသန့်ထွန်းပေးထားသည်။ ကျန်းရှန်းဟယ်က စိတ်အခြေအနေကောင်းနေကြောင်း သူမပြောနိုင်ပါ၏။
"ညစာစားပြီးပြီလား"
"စားပြီးပါပြီ လော့ချီနဲ့အတူစားခဲ့တယ်"
အန်တီချိုင်က လော့ချီကို သိပြီး သူမနှင့် အလွန်ရင်းနှီးသည်။ သူမက ကျန်းယွဲ့ရူ၏အိမ်တွင် အလုပ်လုပ်ခဲ့ခြင်း ၊ ကျန်းယွဲ့ရူက အနားယူပြီး နိုင်ငံရပ်ခြားသွားပြီးနောက် ကျန်းရှန်းဟယ်၏အနားသို့ သူမရောက်လာသည်။
အရင်တုန်းကတော့ အဒေါ်နဲ့တူက လော့ချီအကြောင်းပြောတဲ့အခါ သူမရှိနေခြင်းကို စိတ်ထဲမထားကြ။
"အန်တီ အနားယူပါတော့"
အန်တီချိုင်သည် ခြင်ဆေးခွေဘူးကို ဖယ်ကာ သူ့ကို တစ်ယောက်တည်း ထားခဲ့သည်။
ကျန်းစစ်ရွှင်း : [ WeChat Moments မှာ မင်းနဲ့အတူတူ ဓာတ်ပုံတင်ဖို့ကို မင်း လော့ချီကို ဘယ်လိုသိမ်းသွင်းခဲ့တာလဲ ]
ကျန်းစစ်ရွှင်းသည် ယခုမှ အိပ်ရာနိုးလားခြင်းဖြစ်ရာ လော့ချီရဲ့ဓာတ်ပုံနဲ့ ဆီဆေးပန်းချီကားတွေကို Moments မှာ မြင်လိုက်ရတာက တကယ့်ကို မယုံနိုင်စရာပါပဲ။
လော့ချီကဲ့သို့သော သတိကြီးကြီးထားသူတစ်ဦးသည် ဘော့စ်၏ဓာတ်ပုံကို အကာအကွယ်အဖြစ် မည်သို့လွယ်ကူစွာ အသုံးပြုနိုင်မည်နည်း?
ဒါက သူ့မျှော်လင့်ထားတာထက် ကျော်လွန်သွားသည်။
ကျန်းရှန်းဟယ် : [ ငါ သူမကို မသိမ်းသွင်းခဲ့ပါဘူး ]
လော့ချီကို ဖျောင်းဖျဖို့က တကယ်မဖြစ်နိုင်ဘူး။
သူ ဓာတ်ပုံရပြီး ဆရာယွီကို ဆွဲခိုင်းလိုက်ချိန်တွင် ဘယ်လောက်ပဲ လေလုံးကြီးကြီးနဲ့ ပေါ်လာတာပဲဖြစ်ဖြစ် ချို့ယွင်းချက်တော့ ရှိနေ၏။ သို့သော် အခုချိန်မှာ သူက လော့ချီကို သိမ်းသွင်းစရာမလိုတော့ဘဲ သူတို့ကြားက သူဌေးနှင့်လက်အောက်ငယ်သား နယ်နိမိတ်တွေကို ရှင်းရှင်းလင်းလင်း မှုန်ဝါးအောင်လုပ်ဖို့ပဲလိုပေသည်။