Chapter - 23.1

969 86 1
                                    





ကျန်းရှန်းဟယ်သည် သူ့မျက်မှန်ကိုတပ်ရန် မနှောင့်နှေးဘဲ လော့ချီကို အိတ်ပြန်ပေးလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် အိတ်ကမ်းပေးနေကြရင်း ဟဲ့ရွှီက လော့ချီကို နှစ်ကြိမ် စိုက်ကြည့်လာ၏။

"ဒါရိုက်တာဟဲ့က ဒီရက်ပိုင်း ဘာတွေအလုပ်များနေတာလဲ"

ကျန်းရှန်းဟယ်က ဟဲ့ရွှီနှင့်စကားပြောရန် နောက်သို့လှည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဟဲ့ရွှီသည် လော့ချီရှိရာဘက်သို့ အေးအေးဆေးဆေး ကြည့်ပြီး ပြုံးနေလျက်

"အရင်ကအတိုင်းပါပဲ အလုပ်လုပ်တယ် ဂေါက်ရိုက်တယ် ရေကူးတယ်"

ဒီ့အပြင် ဒိတ်လုပ်တယ်။ သူ၏ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့သည် ငယ်စဉ်ကပင် ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုကြောင့် ကွာရှင်းခဲ့ကြသည်။ သူ၏ဒုတိယဦးလေးသည် နောက်အိမ်ထောင်မပြုခဲ့သော်လည်း သူ့တွင် အမြဲလိုလို ရည်းစားရှိကာ ပေါင်းသင်းဆက်ဆံရေးမှ သူတို့လိုချင်သည့်အရာကို အသီးသီးရယူကြသည်။

တစ်ယောက်ပြီး နောက်​တစ်​​ယောက်​​ရောက်​သည်​။ သူ့ဒုတိယဦးလေး၏ ကလေးနှစ်ယောက်သည် အရွယ်ရောက်ကြီးပြင်းလာပြီး အိမ်ထောင်ပြုပြီးဖြစ်ကာ သူ၏ကိုယ်ပိုင်ဘဝတွင် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
  
စကားအနည်းငယ်ပြောပြီးနောက် ဟဲ့ရွှီသည် သူ့ထိုင်ခုံဆီသို့ ပြန်သွားသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေ့လည်လေးနာရီခွဲအထိ ကျင်းပခဲ့ပါသည်။ ကျန်းရှန်းဟယ်က တစ်ချိန်လုံး မျက်မှန်တပ်ထား၏။ တကယ်တော့ သူက မျက်မှန်ကို မလိုအပ်ဘဲ ကြီးမားသောဖန်သားပြင်ကို ကြည့်ရန်လည်း ရည်ရွယ်ချက်မရှိ။ သို့သော် လော့ချီက သူ့ကို ကမ်းပေးလာတာမလို့ ဖန်သားပြင်ကြီးကြီးကို ခဏလောက် ကြည့်နေခဲ့သည်။

ယွမ်ဝေသည် ယခုတစ်ကြိမ်တွင် အဓိကပရောဂျက်သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်။ ကျန်းရှန်းဟယ်နှင့် ပါတနာကုမ္ပဏီ CEO တို့သည် စာချုပ်ကို လက်မှတ်ရေးထိုးရန် စင်မြင့်ပေါ်သို့ တက်ရောက်ကြသည်။ လော့ချီက ပရိသတ်ထဲတွင် ထိုင်နေရင်း ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် ဗီဒီယိုရိုက်ကူးခဲ့သည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now