အပိုင်း ( ၄၅-၂ )မျက်မှန်ကိုယူ၍ လသာဆောင်ဘက်သို့ ပြန်သွားပြန်သည်။ မူလက ပွက်ပွက်ဆူနေသော ကော်ဖီမှာ မပူတော့ပေ။
လော့ချီသည် မျက်မှန်အိတ်ကိုဖွင့်ကာ မျက်မှန်ကိုပေး၍ ထုတ်ပေးပြီးနောက် သူမလက်များကို ပြန်ရုတ်သိမ်းကာ သူမကိုယ်တိုင် ဝတ်ပေး၏။
သူမသည် သတိမထားမိစေရန်နှင့် မည်သည့်နေရာမှ မထိမိစေရန် လက်ချောင်းထိပ်များဖြင့် နားသယ်စပ်နားကို ညှပ်ပေးလိုက်သည်။ ထို့နောက် သူ့နဖူးပေါ်မှဆံပင်များကို ဆော့ကစားနေမိသည်။
သူမသည် အိပ်ယာထဲတွင် သူ၏ဆံပင်များကို သူမလက်ချောင်းများဖြင့် ထိုးဆွနေခဲ့၏။ သူ၏အသက်ရှုသံကို အချိန်မီ ရပ်တန့်လိုက်ရသည်။ လော့ချီက သူ့မျက်မှန်ကို လေးနက်စွာ ချိန်ညှိပေးနေ၏။
ကျန်းရှန်းဟယ် ဤမြင်ကွင်းကို ဓာတ်ပုံရိုက်ချင်ပေမဲ့လည်း သူ့ဖုန်းက သူ့ဘေးနားမှာမရှိ ၊ လက်လှမ်းမမှီသော စားပွဲ၏တစ်ဖက်ခြမ်းတွင် ရောက်ရှိနေသည်။
မျက်မှန်ကိုတပ်ပြီးနောက် လော့ချီ ကော်ဖီခွက်ကို ကောက်ယူပြီး သောက်လိုက်သည်။ ကော်ဖီက အေးစက်နေပြီး စိတ်ပြင်းထန်မှုကို လျော့ပါးသွားစေ၏။ ကော်ဖီသောက်ရင်း တိတ်တိတ်လေး အသက်ခိုးရှုလိုက်မိသည်။ ခုနက သူမ သူ့ကို မျက်မှန်တပ်ပေးနေချိန်တွင် သူမ အသက်မအောင့်ထားနိုင်တော့ပေ။
လော့ချီသည် သူမပုံဆွဲပုံကို မမြင်ရအောင် မဂ္ဂဇင်းကိုထောင်ထားပြီးနောက် သင့်တင့်လျောက်ပတ်သော ဟန်ပန်ဖြင့် စတင်ရေးဆွဲတော့သည်။
"ကျွန်မ ရှင့်ကိုဆွဲတဲ့အချိန်ကျရင် မလှုပ်နဲ့နော် ရှင့်ရဲ့အမူအရာက မပြောင်းမလဲရှိနေရမယ်"
ကျန်းရှန်းဟယ် ရယ်ချင်သော်လည်း ထိန်းထားလိုက်ရသည်။
"အင်းပါ"
စုတ်ချက်တစ်ချက်နှင့်အတူ မေးရိုးလိုင်းသည် ကောက်ကွေးသွားကာ ပြန်ပြင်ရန် ထင်ရှားလွန်းနေ၏။ ဤစုတ်ချက်ကိုသာ စွန့်ပစ်နိုင်ပေသည်။ လော့ချီ နေရာလွတ်သို့ ပြောင်းသွားပြီး ဆက်လက်ရေးဆွဲသည်။