Chapter - 61.1

341 39 0
                                    


အပိုင်း ( ၆၁-၁ )

သုံးနာရီနှင့်ငါးမိနစ်ကြာ တွေ့ဆုံမှုအတွင်း ရှောင်ကျန်းမှာ လုံးဝစိတ်မ၀င်စားခဲ့ပေ။ ဘော့စ်က အဆင်ပြေသည်ဟုပြောသော်လည်း သူစိုးရိမ်နေဆဲဖြစ်သည်။

ဘော့စ်နှင့်အလုပ်လုပ်သောအခါ အရေးမပါဘူးလို့ထင်ရတဲ့ သေးငယ်တဲ့အမှားတွေက တကယ်ကို သေစေနိုင်ပါသည်။ ထို့အပြင် သူက ဒီဟာကြောင့် ဘော့စ်ရဲ့လျှို့ဝှက်ချက်ကို သိသွားတာလေ။

အလုပ်ကဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်အထိ သူ့ကိုယ်သူ ပြန်သုံးသပ်နေမိသည်။

လော့ချီ : [ နောက်တစ်ခါ ပိုသတိထားဦးနော် ငါလည်း အရင်က အမှားတွေလုပ်မိခဲ့တာပါပဲ အဆင်ပြေပါတယ် မနက်ဖြန် သကြားလုံးယူလာပေးမယ် ]

လော့ချီက သူ့ဆီ မက်ဆေ့ချ်ပို့လာ၏။

ရှောင်ကျန်း၏နှလုံးသားမှာ တစ်နေ့လည်ခင်းလုံး တွဲလောင်းကျနေလျက်ရှိပြီး နောက်ဆုံးတွင် လွှတ်ချလိုက်တော့သည်။ ဘော့စ်က သူ့ရဲ့အလုပ်အမှားအကြောင်းကို အစ်မလော့ကို ပြောပြလိုက်တဲ့ပုံပဲ။

ရှောင်ကျန်း : [ ကျေးဇူးတင်ပါတယ် အစ်မလော့ နောင်မှာ ကျွန်တော် ပိုသတိထားပါ့မယ် ]

ရှောင်ကျန်း : [ အစ်မလော့ အစ်မနဲ့ဥက္ကဋ္ဌကျန်းကို ဂုဏ်ပြုပါတယ် ]

သူက ဒုတိယထပ်မှာနေထိုင်ပြီး ဓာတ်လှေကားမှာ အထပ်မြင့်မှဆင်းမလာသေး ၊ ဒီပျော်ရွှင်စရာကောင်းတဲ့ဖြစ်ရပ်ကို သူ့ဇနီးကိုပြောပြဖို့ မစောင့်နိုင်တော့တဲ့အတွက် တစ်ချိန်တည်း လှေကားထစ်နှစ်ထစ်လောက်ကို ပြေးတက်သွားလိုက်သည်။

ယနေ့တွင် လက်ဗွေသော့မှာ သူ့အတွက် ပြဿနာရှိနေပြီး ထည့်သွင်းမှုမှာ နှစ်ကြိမ်မအောင်မြင်သောကြောင့် ၎င်းကိုဖွင့်၍မရပါ။

သူ၏ယောက္ခမဖြစ်သူက သူ့အတွက် တံခါးလာဖွင့်ပေးပြီး

"မင်းက ဘာလို့ အသက်ရှူမဝဖြစ်နေရတာလဲ"

"ပြေးလာလို့ပါ"

သူ့ဖိနပ်ကို လဲစီးနေရင်း အိပ်ခန်းထဲကို အော်ပြောလိုက်၏။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now