အပိုင်း ( ၃၄-၁ )ထိုညတွင် လော့ချီသည် ဘော့စ်အတွက် စက်ကိရိယာနှင့် မျိုးစေ့ထုပ်အနည်းငယ်ကို စိုက်ပျိုးရန် အော်ဒါမှာပေးခဲ့သည်။ သူမသည် ဘော့စ်၏လိပ်စာကို မတောင်းဘဲ သူမအဌားအိမ်သို့သာ တိုက်ရိုက်ပို့ပေးခိုင်းထားသည်။ လက်ခံသူအဖြစ် သူမထည့်လိုက်သောအမည်မှာ - တူညီသောရောဂါဝေဒနာခံစားနေရခြင်း။
သူမသည် သူနှင့်တူညီသောရောဂါကိုခံစားနေရပြီး ၎င်းတို့ကို သခွားသီးစိုက်ပျိုးခြင်းဖြင့်သာ ကုသနိုင်ခဲ့သည်။ ဘော့စ်က အဲဒီလူကို တိတ်တခိုးလေး ချစ်မြတ်နိုးလာခဲ့သည်မှာ မနှစ်ကအောက်တိုဘာလတွင် ခြောက်နှစ်နှင့်ရှစ်လရှိနေပြီဖြစ်ကြောင်း လော့ချီ ပြန်တွေးကြည့်ပြီး တွက်ချက်မိသည်။ ယနေ့က ခုနစ်နှစ်နှင့်လေးလမြောက် ရှိနေပါပြီ။
အဲဒီအမျိုးသမီးက အိမ်ထောင်ရှိပြီးသားလား ဒါမှမဟုတ် ရည်းစားရှိနေတုန်းပဲလား?
ထိုသီတင်းပတ်ကုန်တွင် လော့ယွီနှင့်ချူလင်းတို့ နှစ်ဦးစလုံးသည် လော့ချီ၏အိမ်သို့ လာရောက်ကြသည်။ ချူလင်းက စန္ဒယားတီးရန် သူ့လူများနှင့်အတူ ယူဆောင်လာခဲ့သည်။ အိမ်မှာ စန္ဒယားတွေ အများကြီးရှိပေမဲ့ ဘယ်သူမှ မတီးကြတဲ့အတွက် လော့ချီရဲ့အိမ်မှာ တစ်လုံးချထားပြီး သခွားသီးလေးတွေအတွက် သီချင်းတွေတီးခတ်ပေးနိုင်ကြောင်း သူမကပြောသည်။
လော့ချီ ပြုံးလိုက်သည်။
"နင်က သခွါးသီးတွေအတွက် တီးပေးချင်တာလား"
ချူလင်းသည် လသာဆောင်ကို မှီ၍ ပြတင်းပေါက်မှ လှမ်းကြည့်သည်။
"အဓိကကတော့ ငါအဆင်ပြေဖို့ပါပဲ ငါ့ရဲ့စန္ဒယားလေ့ကျင့်မှုကို မနှောင့်နှေးဘဲ တီးခတ်ဖို့ ဒီကိုလာနိုင်တယ်လေ"
စတုရန်းမီတာ အနည်းငယ်သာရှိသော ဤလသာဆောင်ကို သူမတကယ်နှစ်သက်သည်။ ကျဉ်းမြောင်းသောနေရာလေးမှာ မမျှော်လင့်ဘဲ စိမ်းစိုနေ၏။ အပိုစန္ဒယားတစ်လုံး ထပ်ထည့်လိုက်သည်နှင့် လူစည်ကားနေပြီဖြစ်သော ဧည့်ခန်းသည် ပို၍ပင် စည်ကားလာသည်။
လော့ယွီက အာလူးကြော်တစ်ထုပ်ကို ဖောက်ဖြဲကာ ချူလင်းတီးနေသည့် စန္ဒယားကို နားထောင်ရန် ဆိုဖာပေါ်တွင် လှဲနေသည်။ ဤသည်မှာ သူမ၏ဘဝတွင် အံ့သြစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်သည် ၊ ဤမျှလှပသော စန္ဒယားဆရာမသည် သူမတစ်ယောက်တည်းအတွက် တီးခတ်နေပါ၏။