လော့ချီ စားပွဲဆီသို့လျှောက်သွားပြီး ကျန်းရှန်းဟယ်၏စားပွဲပေါ်တွင် လက်တော့ပ်နှင့်ဖိုင်တွဲများကို ချထားလိုက်သည်။ သူက စာရွက်စာတမ်းများကို ကြည့်ကာ အလုပ်ကိုသာ အာရုံစိုက်နေသည်။ သူက ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ပြောင်းဝတ်ခဲ့ပြီးလေပြီ ၊ သူ့တွင် ပေါ့ပေါ့ပါးပါး အရိပ်အယောင်ကို ရှာမတွေ့နိုင်တော့။ကျန်းရှန်းဟယ် နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာပါ၏။
"ထိုင်ပါ"
သူ စားပွဲရှေ့ကထိုင်ခုံကို လက်ညှိုးထိုးပြပြီး ပြောလာသည်။
လော့ချီက ဖိုင်တွဲများကိုဖွင့်ပြီး ကျန်းရှန်းဟယ်ရဲ့ညာဘက်လက်အနားတွင် စာရွက်စာတမ်းများစွာကို တစ်ခုပြီးတစ်ခု ချထားပေးသည်။ သူမ အိတ်အလွတ်များကို အလျင်အမြန် စုစည်းကာ မထိုင်ခင် စားပွဲထောင့်တွင် ချထားလိုက်၏။
လက်ပ်တော့စတင်ဖွင့်ချိန်ကိုအသုံးပြု၍ ကျန်းရှန်းဟယ်၏ ပြင်းထန်လှသော အရောင်အဝါနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး အလုပ်လုပ်ရန် အသွင်သို့ အမြန်ဆုံးရောက်ရှိရန် ကြိုးစားခဲ့သည်။ ယနေ့အလုပ်သည် အနည်းဆုံး သုံးနာရီ သို့မဟုတ် လေးနာရီခန့် လည်ပတ်နိုင်ပြီး လက်ပ်တော့ဘက်ထရီ မလုံလောက်သောကြောင့် အားသွင်းကြိုးတစ်ချောင်းပါ ယူလာခဲ့သေးသည်။
ကျန်းရှန်းဟယ်က သူ့မျက်လုံးထောင့်မှ အားသွင်းကြိုးကို တစ်ချက် လှမ်းကြည့်ကာ လက်လှမ်းလိုက်သည်။
"ငါ့ကို ပလတ်ပေါက်ပေးပါ"
စားပွဲပေါ်တွင် တပ်ဆင်ထားသော ပလတ်ပေါက်တစ်ခုရှိသော်လည်း ၎င်းက ကျန်းရှန်းဟယ်၏ဘေးတွင်ရှိပြီး လော့ချီက လက်လှမ်းမမီနိုင်သဖြင့် အားသွင်းကြိုးပလတ်ကို သူမ လွှဲပေးလိုက်သည်။
"အနှောင့်အယှက်ပေးမိပါပြီ ဥက္ကဌကျန်း"
ကျန်းရှန်းဟယ်က ဘာမှမတုံ့မပြန်ဘဲ ပလတ်ထိုးလိုက်သည်။
လော့ချီက စာရွက်စာတမ်းတစ်ခုကို ဖွင့်လိုက်ပြီး ကျန်းရှန်းဟယ်ကို ကြည့်လေသည်။ သူက စာရွက်စာတမ်းကို မဖတ်ရသေးတဲ့အတွက် စိတ်ရှည်ရှည်ဖြင့် သူမ စောင့်နေရ၏။