Chapter-9.2

1K 92 2
                                    

နောက်တစ်နေ့မနက်မှာ စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့သည်။ ဟဲ့ဝမ်ချန်းက ကျန်းရှန်းဟယ်ရဲ့ရဲစွမ်းသတ္တိကို သဘောကျပြီး ရိုးသားသောလူများနှင့် ဆက်ဆံရသည်ကို နှစ်သက်သည်။ ကျန်းရှန်းဟယ်က အဲဒါကို အတိအလင်း တောင်းဆိုနေဖို့ မလိုပါဘူး။ ဟဲ့ဝမ်ချန်းကိုယ်တိုင် ကမ်းလှမ်းခဲ့သည်မှာ ယွမ်ဝေဆေးဘက်ဆိုင်ရာအတွက် သူလုပ်နိုင်တာတစ်ခုခုရှိရင် မေးလိုက်ဖို့ပဲ။

ညနေပိုင်းတွင် ဟဲ့ဝမ်ချန်းသည် ၎င်းတို့အတွက် ဧည့်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပြီး လုပိုင်ရှန်းက အချိန်မီရောက်လာခဲ့သည်။ ကျန်းရှန်းဟယ်က သူ့ကို ဟိုတယ်ရဲ့ ဧည့်ခန်းမှာ စောင့်နေပြီး နှစ်ယောက်သား အပေါ်ထပ်ကို အတူတူ တက်ခဲ့ကြသည်။

"မင်း ဒီည ကျောင်းမှာမရှိဘူးလို့ ကျောင်းသားတွေကို ပြောခဲ့လား"

"မပြောခဲ့ဘူး ငါ ရုံးခန်းမှာရှိနေတယ်လို့ပဲ ထင်ကြပါစေ"

"ဘယ်လောက်ရက်စက်တဲ့ နှလုံးသားလဲ"

"......."

လုပိုင်ရှန်း ဆွံ့အသွား၏။ ကျန်းရှန်းဟယ်က ရယ်သည်။ ဘဝတွင် သူ၏ပျော်ရွှင်မှုအနည်းငယ်ထဲမှ တစ်ခုမှာ လုပိုင်ရှန်းကို ရယ်မောခြင်းပင်ဖြစ်သည်။ လုပိုင်ရှန်းက သူ့ကို ဂရုမစိုက်တော့ဘဲ

"လော့ချီနဲ့ အတွင်းရေးမှူးကျွီက မရောက်သေးဘူးလား?"

"ဒီကိုရောက်နေပြီ သီးသန့်ခန်းထဲမှာ"

ကျန်းရှန်းဟယ်က အထူးသဖြင့် လုပိုင်ရှန်းကို စောင့်နေခဲ့ပြီး အပေါ်ထပ်သို့ ဦးစွာတက်ခဲ့သည်။ သီးသန့်ခန်းထဲတွင် ရယ်မောသံများ စကားပြောသံများ ရှိနေ၏။ ဟဲ့ဝမ်ချန်းနှင့် သူ့အဖွဲ့သည် ထိုနေရာတွင်ရှိနေပြီဖြစ်ပြီး လော့ချီနှင့် စကားစမြည်ပြောနေကြသည်။

ပရောဂျက်၏ အစောပိုင်းအဆင့်များတွင် ဟဲ့ဝမ်ချန်းက လော့ချီကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သည်။ သူက စူကျိုးမှဖြစ်ပြီး တစ်ခါတစ်ရံတွင် စူကျိုးဒေသိယစကား အနည်းငယ်ပြောတတ်ပြီး သူ့ကို ထိတွေ့မှုမရှိသော ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာကို ပေးစွမ်းသည်။

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now