Chapter - 27.1

843 76 2
                                    




နောက်တစ်နေ့မွန်းလွဲပိုင်းတွင် ကျန်းရှန်းဟယ်သည် သူ၏မိခင်ထံမှ စန္ဒယားဖျော်ဖြေပွဲလက်မှတ်များကို လက်ခံရရှိခဲ့သည်။ VIP ထိုင်ခုံများအတွက် စုစုပေါင်း လက်မှတ်ခြောက်စောင်ရှိ၏။

သူက ရှောင်ကျန်းကို လက်မှတ်တွေပေးပြီး သူတို့စိတ်ကြိုက် ထိုင်ခုံတွေကို ရွေးခွင့်ပေးလိုက်သည်။ ရှောင်ကျန်းက လီရွေ့ကို အရင်ပေးခဲ့ပြီး လီရွေ့က ဘော့စ်အနောက်တန်းတွင် ထိုင်ရန်တောင်းဆို၏။ ထို့နောက် ရှောင်ကျန်းက လော့ချီ၏တံခါးကို ခေါက်လိုက်သည်။

"အစ်မလော့ အစ်မရဲ့လက်မှတ်တွေ ယူပါဦး"

လော့ချီက သူမဝမ်းကွဲနှင့် ဖုန်းပြောနေသည်။ သူမက ဖုန်းမချဘဲ တံခါးဖွင့်ရန် ရိုးရိုးတန်းတန်း လျှောက်လာသည်။ သူမ ပထမဆုံးပြောခဲ့တာက

"ဥက္ကဋ္ဌကျန်းက ဘယ်အတန်းမှာထိုင်မှာလဲ"

ရှောင်ကျန်း သူ့လက်ထဲတွင် လက်မှတ်များကို ဝှေ့ယမ်းလိုက်သည်။

"ကျွန်တော် မန်နေဂျာလီကို တစ်စောင်ပေးလိုက်တယ် ကျန်တဲ့ဟာတွေကဒီမှာ ဥက္ကဋ္ဌကျန်းက ကျွန်တော်တို့ကို အရင်ရွေးချယ်ခွင့်ပေးထားတာ"

"မင်း ဘယ်ဟာကိုရွေးမှာလဲ? ငါ မင်းဘေးမှာထိုင်မယ်လေ"

ရှောင်ကျန်း : "......"

ဒါက ဘော့စ်ကို ဒဏ်ခတ်သလို ဆက်ဆံတာမဟုတ်ဘူးလား? ကောင်းပြီလေ သူတို့အားလုံး သူ့ကို ရှောင်နိုင်ပေမဲ့ လော့ချီကိုတော့ ခွင့်မပြုနိုင်ဘူး။ သူက ကျပန်းတစ်ခုယူပြီး လော့ချီက သူ့ထိုင်ခုံနံပါတ်ဘေးက တစ်ခုကို ယူလိုက်သည်။

ရှောင်ကျန်း သူ့ဘာသာသူ တွေးနေသည်မှာ - အစ်မ ကျွန်တော့်ဘေးမှာ ထိုင်နေရင်တောင် အသုံးမဝင်ဘူး ကျွန်တော်က အစ်မရဲ့ညာဘက်မှာထိုင်တယ် ဒါပေမဲ့ အစ်မရဲ့ဘယ်ဘက်ထိုင်ခုံကတော့ လွတ်နေသေးတယ်လေ။

လော့ချီ တံခါးပိတ်ပြီး သူမဝမ်းကွဲနှင့်ဆက်ပြောသည်။

"ဘော့စ်က ကျွန်မတို့ကို ဖျော်ဖြေပွဲတစ်ခုလာဖို့ ဖိတ်ထားလို့ လက်မှတ်လာပေးဖို့ တစ်ယောက်ယောက်ရောက်လာတာ"

ခုနစ်နှစ်တာ တိတ်တခိုးချစ်မေတ္တာ Where stories live. Discover now