အလုပ်မဆင်းမီ လော့ချီ ဆေးရုံသို့ စောစောသွားရန် ကုမ္ပဏီမှ ထွက်လာခဲ့သည်။ ဒီနေ့ VIP ဆောင်ရဲ့ မှန်တံခါးအပြင်ဘက်မှာ တာဝန်ကျတဲ့ သက်တော်စောင့်က ကျန်းယွဲ့ရူရဲ့သက်တော်စောင့်မဟုတ်တဲ့အတွက် သူမ သူ့ကို မသိဘူး။လော့ချီက သူမကိုယ်သူမ မိတ်ဆက်တော့မည်ဖြစ်သော်လည်း သက်တော်စောင့်က မှန်တံခါးကို တွန်းဖွင့်ကာ သူမကို ဖိတ်ခေါ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမကို ဘယ်သူလဲလို့တောင် ဘာလို့မမေးတော့တာ သိချင်မိသည်။
အခန်းတံခါးက တစ်ဝက်ပွင့်နေပြီး မနေ့ကထက် ပိုအလုပ်ရှုပ်နေပုံရ၏။ လော့ချီ တံခါးနား လျှောက်သွားသော်လည်း သူမ တံခါးခေါက်ဖို့ အချိန်မရခင်မှာ ရင်းနှီးနေသောမျက်နှာနှင့် လူနာဆောင်ထဲမှ တစ်ယောက်ယောက် ထွက်လာလေသည်။ ထိုသူက ကျန်းမိသားစုရဲ့အငယ်တစ်ယောက်ဖြစ်ပြီး ဒါရိုက်တာကျန်းရုံးခန်းမှာ သူမ သူ့ကို တွေ့ဖူးပါတယ်။
ထိုလူကလည်း သူမကို သိပြီးသားဖြစ်တာကြောင့် သူမကို ခေါင်းညိတ်ပြရင်း 'ဟယ်လို' ဟု နှုတ်ဆက်ကာ အခန်းထဲလှည့်ပြီး ပြော၏။
"လက်ထောက်လော့ လာပါပြီ"
လူနာဆောင်ထဲတွင် အော်ဟစ်ရယ်မောသံများ ရုတ်ခြည်းရပ်တန့်သွားကာ သူတို့အားလုံး တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ အခန်းတွင်းရှိ လူငယ်ခြောက်ယောက်၊ ခုနစ်ယောက်မှာ ကျန်းမိသားစုရဲ့အငယ်တွေပါပဲ။
လော့ချီက ကျန်းမိသားစုကြီးကို ကောင်းကောင်းသိသည်။ ကျန်းယွဲ့ရူ၏မျိုးဆက်တွင် ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိရာ အစ်ကိုသုံးယောက်နှင့် အစ်မနှစ်ယောက် ၊ ကျန်းယွဲ့ရူက အငယ်ဆုံးဖြစ်သည်။
အကြီးဆုံးအစ်ကိုသည် ယခုနှစ်တွင် အသက်ရှစ်ဆယ်ကျော်ရှိပြီး ကျန်းယွဲ့ရူက အသက်ခြောက်ဆယ်မပြည့်သေးဘဲ မွေးချင်းနှစ်ဦးကြားတွင် အသက်ကွာခြားချက်မှာ နှစ်ဆယ်ကျော်ဖြစ်သည်။
အဲဒီခေတ်က အိမ်ထောင်ရေးက ယေဘုယျအားဖြင့် စောသေးပြီး အစ်ကိုအကြီးဆုံးက လက်ထပ်ပြီး တရားဝင်လက်ထပ်တဲ့ အရွယ်ရောက်တဲ့အခါ ကလေးမွေးထားတာဖြစ်လို့ ကျန်းယွဲ့ရူနှင့် အစ်ကိုအကြီးဆုံးရဲ့သားက အသက်အတူတူပါပဲ။