ch 4

1K 148 0
                                    

အခန်း ၄

အခန်း 4 – "အဓိပ္ပါယ်မဲ့ စကားလုံးတွေနဲ့ ခါးသီးတဲ့ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ စာမျက်နှာ"

လူတစ်ယောက်ရဲ့ ကံကြမ္မာက အရှိန်မြင့်လာတဲ့အခါဘယ်သူမှ ရပ်တန့်လို့မရချေ။

"Su City's 2.07's Extraodinary Burgluary and Murder Case" မှ လူသတ်မှုကျူးလွန်သူကို ဖမ်းမိထားသဖြင့် စုကျိုးမြို့  ၏ ခေါင်းဆောင်များနှင့် နိုင်ငံရေး သမားများသည် ဤပန်ကာစက်ရုံငယ် အိပ်ဆောင်ကို တစ်ဖန် အာရုံစိုက်လာကြသည်။ 

    ထို့ကြောင့် ယင်းအချက်ကို ထည့်သွင်းစဉ်းစားကာ စက်ရုံ၏ မန်နေဂျာများက ဖြိုဖျက်ခြင်းကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

     အခု ဖြိုဖျက်မှုကို စက်တင်ဘာလအထိ ရွှေ့ထားသည်။

လျန်ရှီ ၏ သူ့ကိုယ်ပိုင်နေရာအတွက် ဖြိုဖျက်ခသည် ဇူလိုင်လတွင် ရောက်ရှိခဲ့သည်။

ထိုနေ့နံနက်အစောပိုင်းတွင် လျန်ရှီ သွားတိုက်နေတုမ်း ဘဏ်မှ ငွေလွှဲအကြောင်းကြားစာ ရုတ်တရက်ထွက်ပေါ်လာသည်။ 
  "ဇူလိုင်လ 17 ရက်နေ့ ည 8:32 တွင် သင်၏စက်မှုလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်အကောင့်သည် 8816 တွင်အဆုံးသတ်သော ICBC ဘဏ်မှ 1363000.00 ယွမ်ငွေကို လက်ခံရရှိခဲ့ပါသည်။ လက်ကျန် ယွမ် 1381534.00 ဖြစ်ပါတယ်။ ဖော်ပြချက်- စုချိန် ဝူနန် ခရိုင်  ရပ်ကွက်အတွင်း ဖြိုဖျက်ခြင်း လျော်ကြေးငွေ။"

“!!!”

ကုသိုလ်!!!

“အဟွက် အဟွက် အဟွက် ..” လျန်ရှီ အံ့အားသင့်သွားပြီး သွားတိုက်ဆေးအမြှုပ်များကြောင့် သီးလုမတတ် ဖြစ်သွားသည်။

သူ့အကောင့်သို့ ငွေရောက်ရှိပြီး နာရီဝက်အကြာတွင် လျန်ရှီ သည် ရပ်ကွက်ကော်မတီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ "ဟယ်လို၊ ဒီအဆောက်အဦး 2၊ Unit 302 ကလျန်ရှီ လား။ ဖြိုဖျက်တဲ့ငွေကို မင်းလက်ခံပြီးပြီလား"

"ဟုတ်ကဲ့ ကျွန်တော်လက်ခံပြီးပါပြီ။"

“ကောင်းပြီ။ ဘဏ်က ပြေစာကိုလည်း လက်ခံရရှိထားသေးတယ်။ နေ့ခင်းပိုင်းမှာတော့ ဖြိုဖျက်ငွေလက်ခံရရှိကြောင်း အတည်ပြုဖို့အတွက် လက်မှတ်ထိုးဖို့ ရပ်ကွက်ကော်မတီက လာပေးခဲ့ပါအုံး။”

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now