ch 97

218 43 0
                                    

အခန်း ၉၇

သရဖူနီ ကြိုးကြာများတွင် အနီရောင်သရဖူကဲ့သို့သော ခေါင်းထိပ်ကလေး၌ ပါရှိပြီး ခြေထောက်တွင် အနီရောင်ရောင် အမွှေးများရှိကာ ခပ်ပွပွ အမွေးများ ရှိ သော ငှက်ပင်သည်။

လျန်ရှီမှာ မြို့ထဲတွင် ကြီးပြင်းလာရတဲ့ သူ့လိုမျိုးဆက်၏ လူငယ်အနေနှင့် ငှက်များကို အမျိုးအစား အကုန်ခွဲကာ သိနေခြင်းမျိုး မဟုတ်။  သို့သော် သူ ငန်းနှင့်  ဂျိုးငှက်ကို ခွဲခြား၍မသိရင်တောင် သရဖူနီ ကြိုးကြာ ငှက်များကို သိရပါမည်။

တရုတ်လူမျိုးများက သရဖူနီ ကြိုးကြာကို အလွန်နှစ်သက်ကြသည်။

၎င်း၏ရှည်လျားလှပသောရုပ်ပုံသဏ္ဍာန်နှင့်သန့်ရှင်းသောအဖြူအမည်းတောင်ပံအမွေးများဖြင့်၊ အနီရောင် သရဖူဆောင်းထားသောကြိုးကြာငှက်မှာ အလွန် မွန်မြတ်ပြီး ကံကောင်းစေတယ်လို့ပါ ယူဆကြသဖြင့် ၎င်းကိုအလွန်မှတ်မိရ လွယ်ကူစေသည်မဟုတ်ပါလား။ ဒါကြောင့်  မှန်ထဲမှာ သရဖူနီ ကြိုးကြာ ပေါ်လာတဲ့အခါ လျန်ရှီ က ချက်ချင်း မှတ်မိပြီး သူ့ရင်ထဲ၌ ထို အရာနဲ့ ပတ်သတ်၍ လေးနက်တဲ့ ခံစားချက်တွေ ချန်ထားခဲ့လေ၏။

"သာမန်လူတွေက သူတို့တစ်သက်မှာ သရဖူနီ ကြိုးကြာတစ်ကောင်တောင် မြင်ဖို့ ခဲယဉ်းတယ်။

ဘာလို့ဆို ဒီလိုငှက်မျိုးဟာ အရမ်းအဖိုးတန်လို့ပဲ။ ကျွန်တော် မှတ်မိမှန် ရင်၊ ဒါဟာ အမျိုးသားအဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ ပထမအဆင့် တိရစ္ဆာန်တစ်ကောင် ပဲ‌ ထင်တယ်" လျန်ရှီက "ဟုတ်ပါတယ် ကြည့်ချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ကျောင်းစု ပြည်နယ်မှာ သရဖူနီ ကြိုးကြာ သဘာဝဘေးမဲ့နယ်မြေ စခန်းတစ်ခု ရှိတယ် ဆိုတာကို  မှတ်မိပါသေးတယ်"

မြေအောက်ကမ္ဘာမှ လူခြောက်ယောက်င တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်နေကြလျက်သား။

...သဘာဝဘေးမဲ့နယ်မြေ။

အဲဒါဘာလဲ?

လျန်ရှီ က ချောင်းဟန့်လိုက်ပြီး "ဒါက အရေးမကြီးပါဘူး။ ဆိုလိုတာက ဒီလိုငှက်မျိုး က မြင်ချင်တိုင်း မြင်လို့တဲ့ ငှက်မျိုးမဟုတ်ဘူး။ မြင်ချင်ရင်  အထူး သီးသန့်နေရာကို သွားမှ မြင်လို့ရတဲ့ ထူးခြားတဲ့ ငှက်မျိုးပဲ။ ဒါပေမယ့် သူတို့ရဲ့ ကျက်စားတဲ့နေရာက၊ တောင်တွေနှင့် သစ်တောတွေမှာ မဟုတ်ဘူး။” ခေတ္တရပ်ပြီးနောက်၊  သူ၏အမူအရာသည် တဖြည်းဖြည်း လေးနက်လာကာ– “ရေကန် ထဲမှာပဲ ဖြစ်သင့်တာ” ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now