ch 58

324 69 4
                                    

အခန်း ၅၈

နေဝင်သည်နှင့်အမျှ ကားသည် ရေကန်ဘေးရှိ အဆင့်မြင့်အိမ်ကြီးသို့ ဖြည်းညှင်းစွာ မောင်းနှင်လာပြီး သုံးထပ်အိမ်ကြီးရှေ့တွင် ရပ်တန့်သွားသည်။

ဒုလက်ထောက်ဝူက တံခါးဝမှာ စောင့်နေတာ ကြာပါပြီ။

လျန်ရှီ ကားထဲက ဆင်းပြီးတာနဲ့ ဒုလက်ထောက်ဝူက သူ့ကို နှုတ်ဆက်ဖို့ အပြေးလာခဲ့၏။ လျန်ရှီအနောက်က ထွက်လာသော လဲ့ချန်နှင့်  ကျောင်းနန် ပိုင်ဝူချန် အပေါ်သို့ အကြည့်များ အနည်းငယ် ရောပ်သွားသော်လည်း သူ ဘာမှ မပြောလာပေ။

  သူက နည်းနည်း ခေါင်းမာလှ၏။ ဒုကပ္ပတိန်ဝူကအသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း မနေ့အမြဲတမ်း ခွန်အားနှင့် ပြည့်ဝနေခဲ့ကာ အသက်လေးဆယ် ကျော်လောက်သာ ထင်ရပေမယ့် လည်း မနေ့ညက မြင်ကွင်းကို မကြုံမီခင်အထိပေါ့  ။

လက်ထောက် ဝူ ၏ အသံသည် ရှတနေသည် : "ရှောင်ခိုင် က အိမ်ထဲမှာ ရှိနေတယ်။ သူ ရှောင်ချန်ရဲ့ ဘေးကနေ က မခွာရဲဘူး။ လုံးဝ မမှောင်သေးပေမယ့် ရှောက်ချန် က နေ့တိုင်း မအိပ်ရဲတော့ ကြာရင် သူ့စိတ်က လွတတော့မယ်။"

နောက်ထပ် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့လေးယောက် တံခါးခေါက်လိုက်ကြ၏။

ချန်ခိုင်က တံခါးဖွင့်လာခဲ့သည်။

တံခါးဖွင့်ပြီးနောက် သူနှင့် လျန်ရှီ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံသွားကြ၏။ချန်ခိုင်က ခါးသီးစွာ ပြုံးလိုက်သော်လည်း လျန်ရှီကတော့ ထိတ်လန့်သွားခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် ငါးနှစ်ကြာအောင် သိပြီးနောက် လျန်ရှီက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုမျိုး အေးစက်နေတဲ့ ချန်ခိုင်ရဲ့ ပုံရိပ် ကို တစ်ခါမှ မမြင်ဖူး‌ေပ။

ဖြူဖပ်ဖြူရော်မျက်နှာတွင် သွေးရောင်မတွေ့ရဘဲ မျက်လုံးများကလည်း မှုန်ကုပ်ကုပ်ဖြစ်နေသည်။ လက်ထောက် ဝူ ၏ ပြောကြားချက်အရ "တစ္ဆေဝင်ပူးတယ်" ဟူသောဖြစ်ရပ်သည် တစ်ပတ်မျှသာ ဖြစ်ခဲ့သော်လည်း  ချန်ခိုင်ကတော့ အငတ်ဘေးအတွင်း ဒုက္ခသည်တစ်ဦးကဲ့သို့ ပိန်ပါးလွန်းသဖြင့် သူ၏ပါးပြင်များကတောင်ကျသွားခဲ့ပြီပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now