ch 40

370 70 2
                                    

အခန်း ၄၀

"ဒေါက် ဒေါက်---"

"ဒေါက် ဒေါက်---"

လျန်ရှီ အိပ်ပျော်ရာမှ မှင်တက်စွာ နိုးလာခဲ့သည်။

စူးရှသော နံနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ လင်းလက်လာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ဂန္တဝင်ဘဝဒဿနိသုံးခု ဖြစ် လေသော"ငါက ဘယ်သူလဲ။ငါဘယ်မှာလဲ။ ငါဘာလုပ်ရမှာလဲ?" ဟူ၍မှင်တက်စွာ တွေးမိနေသေးသည်။

သို့သော် မကြာမီမှာပင် တံခါးကို ခေါက်လာသဖြင့် သူ၏ အတွေး ကနေလက်တွေ့ပြန်သို့ ပြန်ရောက်လာခဲ့သည်။

တစ်ယောက်ယောက် တံခါးလာခေါက်နေတာလား။

စောင်ကို ပြန်ဆွဲထုတ်ပြီး တံခါးဖွင့်ဖို့ အိပ်ရာက ထွက်လာခဲ့၏။

အိပ်ခန်းထဲက ထွက်ပြီးတာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ နောက်ကျောကို တွေ့လိုက်လေသည်။ လဲ့ချန်က တံခါးကို ရောက်သွားပြီး တံခါးလက်ကိုင်ကို ပေါ့ပေါ့တန်တန် ထိလိုက်လေသည်။

ကျွန်တော့်မိသားစုရဲ့ ဟေးဝူချန်က နောက်ဆုံးမှာတော့က တံခါးဖွင့်ဖို့ သင်ယူခဲ့ပြီးပြီ။ လျန်ရှီ သည် သိသိသာသာ သက်သာရာရသွားသည်။

သို့သော် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် လူတစ်ယောက်မှ မရှိတော့ပေ။

လျန်ရှီ လျှောက်လာပြီး လဲ့ချန်ဘေးမှာ ရပ်လိုက်၏။ နှစ်ယောက်သား ခေါင်းငုံ့ကာ သပ်သပ်ရပ်ရပ် စီထားသော အဖြူရောင် ကြွေပုလင်း ကိုးလုံး၊ သစ်သားကမ္ပည်း ကိုးခုနှင့်...

လျန်ရှီ အသက်ရှူမဝ တော့။ သူ ဘေးနားရှိ မုန့်ပို ဟင် နှင့် တစ္ဆေအမဲလိုက် တိုကင် တွေ ကို တိုက်ရိုက်ကျော်သွားကာ ငုံ့ကိုင်းလျက် မြေပြင်ပေါ်ကျနေသော ဘဏ်ကတ်ကို ကောက်ယူလိုက်သည်။

၎င်းသည် သာမန်ဘဏ်ကတ်တစ်ခုဖြစ်ပြီး ပုံမှန်ဘဏ်ကတ်နှင့် မတူပေ။ ၎င်းက ICBC ကတ်လည်းဖြစ်ကြောင်း မှတ်သားထိုက် လေသည်။ {တရုတ်စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်။}

ဘာကြောင့် ICBC ဖြစ်တာလဲလို့ မမေးပါနဲ့၊ အဲဒါကဘာမှ အရေးမကြီးပါဘူး။ အရေးကြီးတာက အထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now