ch 104

197 46 0
                                    

အခန်း ၁၀၄

လွန်ခဲ့တဲ့ တစ်လလောက်က ဦးလေး လီ ဆုံးသွားခဲ့၏။ ဦးလေးလီမျာ သူ့တစ်သက်တာအတွင်း ကုသိုလ်ကောင်းမှုများစွာကို မလုပ်ခဲ့သည်မှာ သိသာထင်ရှားလှသော်လည်း သူအား မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် မရဏနိုင်ငံမှ အသိအမှတ်ပြုခံရပြီး ဦးစားပေး လူဝင်စားဖို့ကို ခံယူခဲ့ရသည်။ ထို့ကြောင့် ကျောင်းနန်လမ်းရဲ့ ပိုင်ဝူချန်ဖြစ်တဲ့ ကင်းစောင့် မှာ မရဏကမ္ဘာမှ တိတ်တဆိတ် ထွက်ခွာသွားကြောင်း တရားသူကြီး ချွေ့ မှ တွေ့ရှိခဲ့ပြီး ကျောင်းကွေ့ အား ထိုကင်းစောင့်ကို ဖမ်းဆီးရန် စေလွှတ်ကာ စစ်ဆေးမေးမြန်းရန် ပြန်ခေါ်လာခိုင်းခဲ့သည်။

ကျောင်းကွေ့ မရဏကမ္ဘာမှသေမျိုး လောကသို့ ရောက်လာသောအခါတွင် ဦးလေးလီ၏ ဘဝနဲမရဏစာမျက်နှာကို သူနှင့်အတူယူလာခဲ့သည်။

ထိုအချိန်တွင် လျန်ရှီက ဦးလေးလီကို သေစေတဲ့သူမဟုတ်ကြောင်း သိလိုက်ရကာ  ဦးလေးလီမှာ ငြိမ်းချမ်းသွားပြီ ဖြစ်ကြောင်းကို တစ်နည်းနည်းဖြင့် သူတွေ့ရှိခဲ့ လေသည်။

သို့သော် နှစ်များတစ်လျှောက် ကြင်နာခဲ့သော ဦးလေးလီကို သေစေခဲ့သူမှာ လျန်ရှီမဟုတ်ရုံသာမက သူ့မိဘများ၊ အဖိုးဖြစ်သူကိုလည်း သေစေခဲ့သူမဟုတ်ပေ

သူသည် ဘယ်တုန်းကမှ ဂြိုလ်ဆိုး မဟုတ်ခဲ့

သူ့ကြောင့်... ဘယ်သူကိုမှ မသေ စေခဲ့ပါဘူး။

ကံကြမ္မာလှည်းဘုရက် နှင့် အခြားသူများသည် လည်း လျန်ရှီကို အံ့သြသင့်စွာ စိုက်ကြည့်ရင်း ထုံးစံအတိုင်း လျန်ရှီ၏ အရင်ဘဝကို သိချင်လာကြသည်။

ဘယ်လို နတ်ဘုရား ကနေ လူဝင်စားခဲ့လို့  လူဝင်စားပြီးနောက်မှာတောင် ဤမျှလောက်အထိ သူ့ပတ်ဝန်းကျင်ရှိလူများကို ကာကွယ်ပေးနိုင်တာလဲ?

သူ၏လက်ချောင်းများကို အနည်းငယ်တင်းတင်းဆုပ်ထားကာ လျန်ရှီ  မော့ကာ သူ့ရှေ့ကလူကို ကြည့် နေခဲ့သည်။ သူ သက်ပြင်းတစ်ချက်ချကာ နောက်ဆုံးတွင်

“အရင်ဘဝက ကျွန်တော်က ဘယ်နတ်ဘုရားလဲ” ဟု မေးလိုက်သည်။

အတိတ်ဘဝမှာ ဤဘဝ၌  သက်ဆိုင်သည်မဟုတ်ဟု ဆိုအပ်ပေမယ့် အရင်ဘဝက ဘယ်သူလဲဆိုတာ တကယ်သိနိုင်ခဲ့တယ်ဆိုရင် နည်းနည်းတော့ နာကျည်း စရာ ကောင်းနေလိမ့်မည်ပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now