ch 60(part 2)

317 71 2
                                    

ဤရှင်းပြချက်ကြောင့် လက်ထောက် ဝူ နှင့် ချန်ခိုင်တို့ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

“တကယ် ဉာဏ်ကောင်းတဲ့ တစ္ဆေတချို့လည်း ရှိပါသေး တယ်။
ဒီဘဝမှာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့ဖူးပြီး နောင်ဘဝမှာ ကောင်းတဲ့မိသားစုမှာ မွေးလာမှာ မဟုတ်ဘူးဆိုတာ သူတို့ စိတ်ထဲမှာ သိနေတဲ့အခါ ချမ်းသာတဲ့မိသားစုက သန္ဓေသားကို တိုက်ရိုက်ရှာလေ့ရှိတယ်။”

  ဒီအချိန်မှာ ကင်းစောင့်က ခေါင်းညိတ်ပြပြီး “တစ်နည်းပြောရရင် မင်းလို ဒီလိုဗီလာကြီးနဲ့ သူဌေးသားမို့  မျက်စိကျသွားလိမ့်မှာပေါ့။မင်း နောက်လှည့်ကြည့်တဲ့အချိန်က သူ့ကို လူလောကထဲကို ပြန်ဝင်လာစေဖို့ စာချုပ် ချုပ်ဖို့ ဖြစ်လိမ့်မယ်။ဒါပေမယ့် မင်းက မလုပ်ခဲ့တော့ မင်းသား‌ဆီကို သွားတာပဲ"

       

ဒုဝူက မျက်မှောင်ကြုတ်ကာ "တစ္ဆေကအထီးလား?"

ကင်းစောင့်က ခေါင်းယမ်းပြီး "တစ္ဆေတွေမှာ ကျား/မ မျိုးနွယ် မရှိဘူး။ မင်းရဲ့ကလေးက ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ သူက ဘယ်လိုပဲ ဖြစ်ဖြစ်  လူပြန်ဝင်စားရရင်ပြီးရောလေ"

ချန်ခိုင် - "အဲဒါ ကောင်ကလေးပဲ"

       
ဒီအချိန်မှာတော့ ဒီကိစ္စကို အခြေခံအားဖြင့် ရှင်းရှင်းလင်းလင်းသိသွားကြပြီပင်

လက်ထောက်ဗိုလ် ဝူ က ကင်းစောင့်ကို အလေးအနက်ထားကြည့်ရင်း

ဒီလူက တော်တော်သိပုံရတယ်။

ဘာပဲဖြစ်ဖြစ် လျန်ရှီ ထက်ကို ပိုသိ နေရမယ်။ "ဒါဆို ဒီက​လေး​လေးကို ဖျတ်ချလိုက်ရင် အားလုံးအဆင်​​ပြေပါ့မလား"

ကင်းစောင့်က စကားပြောခါနီးတွင် တစ်ဖက်မှ ဘာမှမထူးခြားလှတဲ့လေသံနဲ့ အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

"မရဘူး။"

လက်ထောက်ဝူက လျန်ရှီဘေးတွင် ထိုင်နေသော လူကို လှည့်ကြည့်လိုက်သည်။

လဲ့ချန်

ကောလိပ်ကျောင်းသူလေး  ရွှိမ်ယွမ် ကိစ္စတုန်းက ထို ချောမောလှတဲ့ လူငယ်လေးလည်း အခင်းဖြစ်ပွားရာနေရာမှာပါဝင်နေ၍ ရဲစခန်းကို သွားပြီး မှတ်တမ်းလာတင်ခဲ့ရဖူးသည်ပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now