ch 34

294 61 2
                                    

အခန်း ၃၄

စုကျိုးမြို့ယွမ် ဆေးရုံ၊ အရေးပေါ်ဌာန။

လျန်ရှီ သူနာပြုဆရာမ၏ အဆက်အသွယ် အချက်အလက်ကို ရရှိပြီးနောက် တက္ကစီကို အမြန်စီးကာ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီးသည်နှင့် သူနာပြုချင်ကျဲ သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့်အတိုင်ပင်ခံအခန်းသို့  ပျော်ရွှင်စွာ ပြန်လာကာ သူပေးခဲ့သော သစ်သီးများနှင့် ငှက်သိုက်များကို သယ်ဆောင်လာခဲ့သည်။ တစ်ဖက်တွင် အလုပ်သင် ဝမ်ကျစ်ဟောင် လည်း လှည့်၍ တာဝန် ထမ်းဆောင်ရန် သူ့ဌာနသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ မထွက်ခွာမီ အရေးပေါ်ခန်းရဲ့ တံခါးအပြင်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဆရာဝန်၊ ဆရာဝန်!"

ဝမ်ကျစ်ဟောင် က နောက်ပြန်လှည့်ကြည့်လိုက်သည်။

အရေးပေါ် အဆောက်အဦး အပြင်ဘက်မှာ အဝါရောင်ဆိုးထားတဲ့ ဆံပင်နှင့် လူငယ်တစ်ယောက်က စကတ်ဝတ်ထားတဲ့ မိန်းကလေးကို ပွေ့ဖက်ပြီး တက္ကစီပေါ်က ဆင်းပြီး အရေးပေါ်ခန်းဆီ ပြေးသွားသည်။ သူက "ဒေါက်တာ" ဟု ကျယ်လောင်စွာအော်ပြီး ဆေးရုံထဲသို့ ပြေးသွားခဲ့သည်။

   သူပြေးလာသောအခါတွင် တောက်ပသောအလင်းရောင်များက သူ့အပေါ်တွင် လင်းလက်နေပြီး သူ့လက်ထဲတွင်ရှိသော ကောင်မလေးမှာ မေ့မြောနေသည်။ ဝမ်ကျစ်ဟောင်ရဲ့အနားရှိ တစ်လစာပေးချေရန် တန်းစီနေသော လူနာ၏ မိသားစုဝင်တစ်ဦးက "ဘာလို့ သွေးတွေက ဒီလောက်များနေတာလဲ!"

အလင်းရောင်ဖျော့ဖျော့အောက်မှာ ဆံပင်အဝါရောင်နှင့်ကောင်လေးက စိုးရိမ်တကြီးဖြင့် ချွေးတွေထွက်နေပြီး မျက်လုံးတွေကလည်း နီရဲနေသည်။ သူ့လက်နှစ်ဖက်ပေါ်ရှိ မိန်းကလေးမှာ မျက်လုံးတွေကိုမှိတ်ထားကာ မျက်နှာက ဖြူဖျော့နေပြီး ပါးပြင်နဲ့ နှုတ်ခမ်းတွေမှာ သွေးစွန်းထင်းနေလျက်။

  အနက်ရောင်စကတ်ကြောင့် သွေးများကို ဖုံးကွယ်ထားသလို ဖြစ်နေသဖြင့် သွေးမည်မျှစွန်းထင်းသည်ကို မမြင်နိုင်ပေ။ ဒါပေမယ့် အညိုရောင်သွေးတွေက မိန်းကလေးရဲ့ ခြေသလုံးအောက်ထိကို စီးဆင်းနေခဲ့သည်။ သူတို့ လမ်းလျှောက်လာရင်း သွေးတွေက အရေးပေါ် အဆောက်အဦးအပြင်ကနေ အရေးပေါ် အဆောက်အဦအတွင်းအထိ သွေးတွေ ကြမ်းပြင်ပေါ်သို့တောက်လျှောက် ကျနေသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now