အခန်း ၆၈
လျန်ရှီနှင့် လဲ့ချန်တို့ ပြောသည့်စကားက ဝမ်ကျိုးတစ္ဆေအရာရှိကို ထိသွားစေခဲ့လျက်။ သူခေါင်းမော့ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောလာပေ။ထိုသူမှာ သူ့အသက်ဝိညာဉ်ကိုပင် ဆုံးရှုံးသွားပါစေသူချစ်ရဆုံးသူနှင့် မိုးကြိုးအပစ်ခံရင်းအတူသေပွဲဝင်ဖို့အထိ ဆန္ဒရှိနေခဲ့သည်။ သို့သော်လည်းမြေအောက်ကမ္ဘာကိုပြန်ပြီး ကျောင်းနန်လမ်းဟေးဝူချန်ဆီကို ပြန်တွေ့ရမှာကိုတော့ သေမှာထက်ကြောက်လှ၏။
"ငါ မင်းနဲ့အတူ အသက်ရှင်ပြီး မင်းနဲ့အတူသေနိုင်ပေမယ့် မင်းအတွက်တော့ ငါသေတာထက်ဆိုးတဲ့ ဘဝမှာ မနေချင်ဘူး" 』ထိုလူအကြောင်းကို တွေးရင်း၊ ဝမ်ကျိုးတစ္ဆေအရာရှိ တုန်လှုပ်သွားပြီး သူ့ရင်တွင်းမှ အအေးဓာတ်က တစ်စစ တက်လာကာ တစ်ကိုယ်လုံးတုန်ခါသွားလေသည်။ ထိုကြောက်ရွံ့မှုမျိုးက ဆယ်စုနှစ်များစွာကြာသွားသော်ငြားလည်း သူ ကြောက်မက်ဖွယ်ကောင်းသော ထိုတစ္ဆေရဲ့ ပုံသဏ္ဍာန် ကိုပင် မေ့လျော့သွားပေမယ့် ထိုလူက သူ့ထံ လုပ်ဆောင်ခဲ့သော ကြောက်မက်ဖွယ် ကောင်းလှတဲ့ စိတ်ပျက်အားငယ်မှုကိုမူ သူမေ့ထားနိုင်မည်မဟုတ်ပေ။
မပြန်ချင်ဘူး၊ မပြန်နိုင်ဘူး။ သူပြန်သွားရင် အဲ့လူ က သူ့ကို သတ်မှာသေချာတယ်။
"ကျေးဇူးပြုပြီး လွှတ်ပေးပါ၊ ကျွန်တော်မလိမ်ပါဘူး၊ ကျွန်တော်အမှန်တွေပဲ ပြောတာခဲ့ပါ"
ဝမ်ကျိုးတစ္ဆေအရာရှိ၏အသံက ရှုပ်ထွေးနေပြီး လျန်ရှီ နှင့် အခြားလူများကို အသနားခံစွာကြည့်နေသည်။ဝမ်ကျိုးတစ္ဆေအရာရှိရဲ့ ထူးဆန်း နေမှုက လျန်ရှီ ရဲ့မျက်လုံးထဲကို ခဏလောက်ရောက်သွားပြီး "ကျောင်းနန်လမ်း ရဲ့ ဟေးဝူချန်က အရမ်းကြောက်စရာ ကောင်းတာလား" လို့ မေးလိုက်ပါသည်။
ဒီနာမည်ကိုကြားတော့ ဝမ်ကျိုးတစ္ဆေအရာရှိ ထိတ်လန့်တကြား အော်လာပြီး အရောင်ဖျော့သွားခဲ့လျက်။
လျန်ရှီ ကင်းစောင့်ကို ကြည့်ပြီး "သူက အရမ်းကြောက်ဖို့ကောင်းလား?"
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
TerrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)