ch 80

302 51 0
                                    

အခန်း ၈၀

ကျောင်းကွေ့ နဲ့ ကင်းစောင့်က မတူပေ။

မြေအောက်ကမ္ဘာမှ ရောက်လာတွင် ကင်းစောင့်မှာ လျန်ရှီ  နှင့် လဲ့ချန်တို့အပေါ်  ရန်ငြိုးမရှိခဲ့ချေ။
   
ကင်းစောင့်က ထို တိုင်စာများကြောင့်သာ ကမ္ဘာနှစ်ရပ်ကို ဖြတ်ကျော်ပြီးမှ လူ့လောကသို့ ရောက်ရှိလာနိုင်ရာ လျန်ရှီ နှင့် လဲ့ချန် ကို ကျေးဇူးမကင်းဟုဆိုရပေမည်။
   
သူတို့နှစ်ဦးသာ အမှတ်အမြောက်အများ မထင်မှတ်ဘဲ ရလာခဲ့ကြပြီး ၎င်းတို့ရဲ့ အဆင့်သတ်မှတ်ချက်များ ကရုတ်တရက် တိုးလာသဖြင့်  အခြားနေရာများရှိ တစ္ဆေအရာရှိများအား ဒေါသထွက်စေကာ သတင်းပို့ တိုင်ကြားစာများ ထွက်ပေါ်လာခြင်း မျိုး မရှိပါက ကင်းစောင့်လည်း မြေအောက်ကမ္ဘာသို့ သွားရာလမ်းကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါ။

ကင်းစောင့်က နှိမ့်ချတတ်ပြီး ပိုအရေးကြီးသည်မှာ သူနှင့် လျန်ရှီ တို့လည်း ပြဿနာဆိုတာ မရှိခဲ့။

ကျောင်းကွေ့ကတော့ မတူချေ။

ပထမဦးစွာ လျန်ရှီ နှင့် လဲ့ချန်တို့ သူ၏ ကျောင်းနန်လမ်းဟေးဝူချန်မှတ်တမ်း  ကို လုယူခဲ့ပြီး၊ ဝမ်ကျိုး တစ္ဆေအရာရှိအား မရဏကမ္ဘာသို့ အခမဲ့စေလွှတ်ခဲ့လေ၏။

ပုံမှန်မဟုတ်သော ဦးနှောက်ပတ်လမ်းနှင့် ကျောင်းကွေ့ကတော့ ခွေးကိုရိုက်လျှင် ခွေးပိုင်ရှင်မျက်နှာကို အရင်ကြည့်သင့်သည်ဟုတွေးကာဝမ်ကျိုး တစ္ဆေအရာရှိ ဖောက်ပြန်တာထက် အပြင်လူက  သူ့ခွေးကို ရိုက်တာအား ဒေါသထွက်ကာ လက်စားချေဖို့လာခဲ့ခြင်းပင်။
   
   

အိပ်ခန်းတံခါးက ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ ကျောင်းကွေ့ နဲ့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကင်းစောင့်နှစ်ယောက်စလုံး ခေါင်းကို မော့ပြီး လျန်ရှီ နဲ့ လဲ့ချန်  ကို ကြည့်လိုက်၏။

ကင်းစောင့်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး "အရှင် "

ကျောင်းကွေ့ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေပြီး အေးစက်ချောမောသော မျက်နှာက ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်လာခဲ့ပြီပင်။ ကျောင်းကွေ့ ၏ မျက်လုံးများ အနည်းငယ် လှည့်လာပြီး "အရှင် " ဟု လိုက်ပြောခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now