ch 23

542 87 4
                                    

အခန်း ၂၃

စုကျောင်း ထွက်သွားပြီးနောက် လျန်ရှီ သည် အလွန်ဝမ်းနည်းသွားသည်။ ထို အခန်းဖော်ပုစိက  အဘယ်ကြောင့် ရုတ်တရက်ထွက်သွားသည်ကို သူ မသိ၍ သူ အဆင်မပြေ ဖြစ်သွားသည်။

သူ့အခန်းဖော်ကို လွမ်းသောကြောင့် လျန်ရှီ သည် ညနေပိုင်းတွင် စုကျောင်း ၏ အကြိုက်ဆုံး ဖြစ်သည့် ငါးအရသာရှိသော ဝက်သားထမင်းးကို မှာခဲ့ပြီး မြည်းစမ်းခဲ့သည်- “အင်း။ တကယ်ကို အရသာရှိတယ်။”
(ငါးအရသာဝက်သားထမင်း ကိုယ်လည်းမစားဖူးပါ)

       
သူ ငါးအရသာရှိသော ဝက်သားထမင်းကို စားကာ ကျေနပ်စွာ ပါးစပ်ကို သုတ်လိုက်ပြီး သူ့အခန်းဖော်၏ အခန်းတံခါးကို သော့ခတ်ရန်ပင် ကူညီခဲ့သည်။

သြော်၊ ငါတို့ရဲ့ အခန်း ဖော် ကံကြမ္မာက တိုတောင်းလွန်းလှပါလား။

စုကျောင်း: “…”

မင့်အဖေက မသေသေးဘူး! နင်ငါ့ကို နည်းနည်းလောက် သက်သက်သာသာနေခိုင်းထားလို့ မရဘူးလား။

နေ့ခင်းဘက်အိပ်ပြီး၊ ညဘက် တိုက်ရိုက်ထုတ်လွှင့်ကာ ညလယ်မှာ သရဲဖမ်းဖို့ အပြင်ထွက်ခဲ့၏။

စုကျောင်း ရှိတဲ့ရက် နဲ့ စုကျောင်း မရှိတဲ့နေ့တွေကြားမှာ ကွာခြားပုံမပေါ်ပေ။

တကယ်ဆို သူထွက်သွားတဲ့နေ့က စုကျောင်း ကိုသူ သိပ်သတိလည်း မရဖြစိ။

ဒါမှမဟုတ် ဒုတိယနေ့ထိ ဖြစ်ဖြစ်ပေါ့။

ဒါမှမဟုတ် သုံးရက်မြောက်တဲ့နေ့မှာရော….

ခဏနေပါအု၊ စုကျောင်း က ဘယ်သူလဲ။

နေ့ရက်တွေ ကုန်လွန်ခဲ့ပြီးတော့ စက်တင် ဘာလလယ်သို့ ရောက်လာခဲ့ပါ၏။နွေခေါင် ၏ ပူပြင်းသော နေရောင်ခြည်က ရုတ်တရက်  ပျောက်ဆုံးသွားပြီး တစ်နေ့မှာတော့ ဆောင်းဦးလေက သာယာပြီး ကောင်းကင်ကြီးက ကြည်လင်နေလျက်။ လျန်ရှီ  မနေ့ညက ကမ္ဘာကြီးကို စွဲလမ်းနေသော သရဲလေး ၃ ကောင်ကို ဖမ်းမိပြီး လူဝင်စားခြင်းသို့ စေလွှတ်လိုက်သည်။ မနက်ငါးနာရီအထိ အလုပ်ရှုပ်နေခဲ့ကြ၏။ ထို့နောက် လျန်ရှီ အိမ်ပြန်၍ အိပ်ပျော်သွားသည်။ နောက်နေ့မွန်းလွဲတစ်နာရီအထိ အားရပါးရအိပ်လိုက်သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now