ch 63

243 50 0
                                    

       
အခန်း ၆၃

       
အဆင့်သတ်မှတ်ချက်များ မပြီးဆုံးမီအထိ  လျန်ရှီ နှင့် လဲ့ချန် တို့မှာ အဆင့်များကို အာရုံစူးစိုက်ပြီး စိုက်ကြည့်နေကြဆဲပင်။

       
ဒါပေမယ့် အဆင့်သတ်မှတ်ချက်တွေ ပြီးသွားတဲ့အခါ မှာ ဝမ်ကျိုး တစ္ဆေ အရာရှိ ရဲ့ စွမ်းဆောင်ရည်ဟာ တစ်စက္ကန့်ထဲမှာပဲ 60,000 တိုးလာတာကို တွေ့လိုက်ရပြီး သူတို့အား ကျော်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာ ပထမအဆင့်ဖြစ်လာတာကို ဒေါသအထွက်ဆုံးသူကတော့ လျန်ရှီ နဲ့ လဲ့ချန် တို့ မဟုတ်ဘဲ ကင်းစောင့်ပင်။

"အရှက်မရှိဘူး!!!"

ကင်းစောင့်၏ မျက်လုံးများက မီးတောက်နေပြီး  အံကြိတ်ကာ နဖူးရှိ သွေးကြောများ ပေါက်ထွက်တော့မတတ် ဆူဖြိုးသော ခန္ဓာကိုယ်ကလည်း ဒေါသကြောင့် တုန်လှုပ်နေခဲ့သည်။

ကင်းစောင့်အား ဒေါသထွက်နေသည်ကို တွေ့ရတော့ လျန်ရှီ အနည်းငယ် အံ့သြသွားသည်။ ဤသည်မှာ သူတို့ ရဲ့ စုကျိုးမြို့ တစ္ဆေ အရာရှိ တွေ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်ဖြစ်သာ၊ သူနဲ့ မသက်ဆိုင်ဘူး မဟုတ်ပါလား။ သို့သော်လည်း လျန်ရှီက‌ တော့ ကင်းစောင့်သည် သူနှင့် လဲ့ချန်တို့ထက် ဒေါသဖြစ်ရန် အရည်အချင်းပြည့်မီသည်ဟု တွေးထင်ခဲ့သည်။

စုကျိုးမြို့ တစ္ဆေ အရာရှိ  နှစ်ယောက်မှာ တစ်လခွဲကျော်ကြာအောင် အိမ်၌သာနေပြီး ဆယ်ရက်အတွင်း ဂိမ်းကစားရုံမှလွဲ၍ ဘာမှမလုပ်ရခဲ့ကြပေ။ စုကျိုးမြို့ရဲ့အောင်မြင်မှုများတွင် 240,000 ထဲမှ 120,000 မှာ နေ့ရောညပါ တစ်ညလုံးအလုပ်လုပ်ပြီး မမောမပန်းအလုပ်လုပ်ခဲ့ရသော ကင်းစောင့်များကသာ စွမ်း ဆောင်ခဲ့သည်ပင်။

ကင်းစောင့်အဖြစ်က မလွယ်ပါလာား။

စုကျောင်းမှာ စာကြိုးစားသည့် ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်း၏ကျူရှင်ဆရာမှ သုံးရက်တစ်ကြိမ် ခေါ်နေ၍ မကြာခဏဆိုသလို မျက်နှာကိုမမြင်ရလောက်အောင်အထိ အလုပ်များနေတတ်သည်။

  သို့သော် စုကျောင်းကတောင်တစ်ချိန်က  "ဒီလူက အရမ်းအလုပ်ကြိုးစားတာပဲ!"ဟူ၍ ချီကျူးခဲ့၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now