ch 86

265 61 7
                                    

အခန်း ၈၆

မှောင်မိုက်သောညလယ် လူဆိတ်ညံသော ဆင်ခြေဖုံးရပ်ကွက်ရှိ  ဘုရားကျောင်းငယ်တစ်ခု၌။

လှပသော အရောင်အသွေးစုံလင်သော ဖြောင့်မတ်တဲ့ ယင်စွမ်းအားများ က ကူရှင်ပေါ်တွင် ဒူးထောက်နေခဲ့သော သေလုမျောပါးမိန်းကလေးဆီသို့ ပြေးသွားလိုက်ရာ စွဲလမ်းနေဆဲ ဖြစ်သော စိတ်ဝိညာဉ်နှစ်ဆယ့်လေးပါးတို့မှာ ပြတ်ပြတ်သားသား  ထို မိန်းကလေးရှေ့မှ ကာကွယ်သွားကြသည်။ ဤအရာမှာ ကျောက်တုံးကို ကြက်ဥတစ်လုံးနှင့် ပစ်ပေါက်သကဲ့သို့ အားနည်းသော ဝိညာဉ်ခန္ဓာကိုယ်နဲ့ နတ်ဘုရား ၏ ဖြောင့်မတ် သောယင်စွမ်းအင်တို့ကြား တိုက်မိခြင်းဖြစ်ပြီး ၎င်းက နတ်ဘုရားရဲ့ ခွန်အားကို နှောင့်နှေးမှုမရှိသင့်ပေ။

ထိုစဉ် အရောင်အသွေးစုံသောယင်စွမ်းအင်များက ပို၍ပို၍  ‌မိန့်ဖျော့သွားကာ ဗိမာန်တော်ရှိ ရုပ်ထုက တဖြည်းဖြည်း တောက်ပြောင်လာပြီး တောင့်တင်းလာခဲ့လျက်။

ဆန့်ကျင်ဘက်ရှိ ရှောင်လျို ၏ နောက်ကျောသည်လည်း ဖြောင့်စင်းလာသည်။ သူမက ငယ်သေးသော်လည်း ဖြည်းဖြည်းချင်း ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာနေလျက်ရှိသည်။

ဝမ်သိ ဘုရားကျောင်းအပြင်ဘက်ကနေ  ရှောင်လျို ၏ဝိညာဉ်က ပိုမိုအားကောင်းလာသည်ကို လူတိုင်းက စောင့်ကြည့်နေကြ၏။

တစ်ချိန်က ဤဝိညာဉ်မှာ ကြေကွဲလုနီးပါး ဖြစ်ခဲ့ရပါသည်။ ယခုမူ၊ သူမက ပို၍ပို၍ ပြီးပြည့်စုံလာသည်နှင့်အမျှ တကယ့်စိတ်ဝိညာဉ်တစ်ခုလို ဖြစ်လာခဲ့ပြီ။

ဒါပေမယ့် ရှောင်လျို ရဲ့ စိတ်ဝိညာဉ်ရဲ့ ပြီးပြည့်စုံမှုက ဧကရာဇ် ဝမ်စုန့်ရဲ့ ပြန်လည် ရှင်သန်ထမြောက်ဖို့ အခွင့်အရေးက နည်းပါးသွားတယ်လို့ ဆိုလိုသည်ပင်။

သူမရဲ့ နောက်ဆုံးဘဝတွင် သူမရဲ့ ယခင် ဝိညာဉ်၏ စွဲလမ်းမှုတို့က အရောင်အသွေးစုံလင်သော ယင်စွမ်းအားရဲ့ နောက်ဆုံးရောင်ခြည်ကို ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှောင်လျိုက ဒူးထောက်မနေတော့ဘဲ ခြေထောက်ကို မြှောက်ကာ မတ်တပ်ရပ်လိုက်သည်။
   
ဒါကိုမြင်တော့ ဘုရားကျောင်းထဲက ဧကရာဇ် ဝမ်စုန့် ရဲ့ ရုပ်တုဟာ မခံနိုင်တော့ဘဲ စူးရှတဲ့ ဟောက်သံထွက်လာခဲ့၏။ ဤအခိုက်အတန့်တွင် နတ်ဘုရား၏ သာယာသော အမူအရာမှာ လုံးဝ ကွဲအက်သွားခဲ့လေပြီ ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now